SJ WorldNews - шаблон joomla Авто

တရားမဝင် တင်ဆောင်လာသော ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိ

Sunday, 24 September 2017 09:57 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရေသျှံကြီးအုပ်စု ဝဲဒေါင့်ကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၌ ယမန်နေ့ည ၁ဝ နာရီခွဲက တရားမဝင် တင်ဆောင်လာသော ကျွန်းသစ်ခွဲသားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖြူးမြို့နယ် ရေသျှံကြီးအုပ်စု ဝဲဒေါင့်ကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၄၃/၃) နှင့်(၁၄၃/၄)ကြား၌ ဖြူးမြို့မရဲစခန်းမှ ဒုတိယရဲမှူး မောင်မောင်ဝင်း၊ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ဇာနည်ဇော်၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ်ကြီး ဦးမိုးကျော်သူနှင့် အဖွဲ့ တို့က သက်သေများနှင့်အတူ သတင်းအရ စောင့်ဆိုင်းနေစဉ် တောင်ငူဘက်မှ ဖြူးမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်း ၃၄ နှစ်မောင်းနှင်လာသော ယာဉ်အမှတ် YGN 8L/----NISSAN COUNTER အဖြူရောင် ခြောက်ဘီးယာဉ်ကို မသင်္ကာသဖြင့် ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံအချောင်း ၆ဝ (၄ ဒသမ ၂၆၁၄ တန်)ကို သိမ်းဆည်းရမိသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ထွန်းထွန်းကို ဖြူးမြို့မရဲစခန်းက အများနှင့်သက်ဆိုင်သော ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ-၃အရ အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

Read 369 times Last modified on Sunday, 24 September 2017 10:00