SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆိုင်ကယ် ဆီဖြည့်စဉ် ဖယောင်းတိုင်မီး ပြုတ်ကျ၍ မီးလောင်မှု ဖြစ်ပွား

Sunday, 24 September 2017 09:46 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၅) နယ်မြေ(၁၆) ရတနာပုံလမ်း၌ ယမန်နေ့ည ၇ နာရီက ဆိုင်ကယ် ဆီဖြည့်စဉ် ဖယောင်းတိုင်မီး ပြုတ်ကျ၍ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရပ်ကွက်(၅) နယ်မြေ(၁၆) ရတနာပုံလမ်း၌ အိမ်ငှားနေထိုင်သူ နီဝင်းစိန်(ခ) မောင်နီသည် ၎င်းနေအိမ်၌ ဆိုင်ကယ်ဆီဖြည့်စဉ် ပန်းကန်စင်ပေါ်တွင် ထွန်းထားသော ဖယောင်းတိုင်မီးမှာ ပြုတ်ကျ၍ မီးလောင်မှုဖြစ်ပွားရာ နေအိမ်မီးလောင်ခဲ့ပြီး နီဝင်းစိန်(ခ)မောင်နီတွင် မီးလောင်မှုကြောင့် ဒဏ်ရာ များရရှိသည်။ မီးလောင်မှုဖြစ်ပွားရာသို့ လားရှိုးမြို့မ ရဲစခန်းမှ ဒုတိယရဲမှူး ကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက မီးသတ်ယာဉ်သုံးစီး၊ အရန်မီးသတ် ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ကြသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ နီဝင်းစိန်(ခ) မောင်နီကို လားရှိုးမြို့မရဲစခန်းက (ပ) ၃၁၂/၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅/၃၃၇ဖြင့် အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 353 times Last modified on Sunday, 24 September 2017 10:00