SJ WorldNews - шаблон joomla Авто

ဒက္ခိဏသီရိ မြို့နယ်၌ ရေနစ်သေဆုံးမှု ဖြစ်ပွား

Sunday, 24 September 2017 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်တွင် ယမန်နေ့နံနက် ၆ နာရီက လူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့မရဲစခန်း၌ ဒုတိယ ရဲအုပ်စိုးမင်းအောင် တာဝန်ထမ်းဆောင်နေစဉ် လယ်ဝေး ခုတင် ၁ဝဝဆံ့ဆေးရုံ၌ လူတစ်ဦး ရေနစ်သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာအင်ဘု(၃)လမ်း အမှတ်(၇)ရပ်ကွက် လယ်ဝေးမြို့နယ်နေသူ ဦးညွန့်ရွှေ ၄၉ နှစ် ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒက္ခိဏသီရိရပ်ကွက် မြတ်လေးဖြူလမ်းနှင့် ရှုမဝလမ်း၌ မြက်များကိုဓားဖြင့် ခုတ်ထွင်ရှင်းလင်းရင်း ငှက်ပစ်ရာငှက်မှာ အနီးအနားရှိ ရေကန်အတွင်းကျသွားကြောင်း မှန်တောကျေးရွာ လယ်ဝေးမြို့နယ်နေသူ ကိုသက်နောင် အားပြောပြီး ရေကန်ထဲ ဆင်းသွားရာမှ ရေနစ်နေသဖြင့် ကိုသက်နောင်က အလုပ်သမားခေါင်းဆောင် ကိုညီညီအား ဖုန်းဆက်ပြော၍ ရောက်ရှိလာပြီး ဝိုင်းဝန်းဆယ်ယူခဲ့သော်လည်း ဦးညွန့်ရွှေမှာ ရေနစ်သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒက္ခိဏသီရိမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၁ဝ/၂ဝ၁၇)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 349 times Last modified on Sunday, 24 September 2017 10:00