SJ WorldNews - шаблон joomla Авто

နမ့်ခမ်းမြို့အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူများအား ငွေကျပ် ၁၂၉ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ

Monday, 26 August 2019 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်း   လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးရောင်းချ သုံးစွဲနေကြောင်း သတင်းအရ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁၃) ရပ်ကွက်၏ တောင်ဘက် မီတာ ၂ဝဝ ခန့်အကွာ  လယ်ကွင်း၌ ယာယီတဲပြုလုပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည့် ယောတုံ(ဘ) ဦးကံချောင်းအပါအဝင် လေးဦး အား ဘိန်းဖြူ ၂၂ဝ ဂရမ်ခန့်၊ ၈၈။၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ဝဝ ပြား၊ (စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၁၂၉ သိန်းကျော်)တို့နှင့်အတူ   ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး နမ့်ခမ်းမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 19 times Last modified on Monday, 26 August 2019 09:15