SJ WorldNews - шаблон joomla Авто

ခြောက်ဘီးယာဉ် တစ်စီး လမ်းကြိတ်စက်ကို ဝင်တိုက်ရာမှ လမ်းလျှောက် လာသူကိုပါ ထပ်မံတိုက်မိ

Thursday, 12 October 2017 12:39 font size decrease font size decrease font size increase font size increase font size

ကျောက်မဲ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု ပင်တိန်ကျေးရွာအနီး ပြည်ထောင်စု လမ်းမ ကြီးပေါ်၌ ယမန်နေ့နံနက်  ၉ နာရီခွဲက ခြောက်ဘီးယာဉ်တစ်စီး လမ်းကြိတ်စက်အား ဝင်တိုက်မိပြီး  လမ်းလျှောက် လာသူကိုပါ   ထပ်မံတိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၉၂/၅)နှင့်(၉၂/၆)ကြားတွင် ကျောက်မဲမြို့မှ နောင်ချိုမြို့ ဘက်သို့ ကန်နီကျေးရွာ မြင်းခြံမြို့နယ် မန္တလေးတိုင်း ဒေသကြီးနေ ယာဉ်မောင်း ဇင်မိုးထွန်း ၂၂ နှစ် မောင်း နှင်လာသော 2B/---- ခြောက်ဘီးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ ယာဉ်မောင်း စိုးသိန်း ၄၆ နှစ် မောင်းနှင်နေသော   လမ်း ကြိတ်စက်၏ ရှေ့ဝဲဘက်ခြမ်းကိုပွတ်တိုက်မိရာမှ လမ်းဘေးတွင် လမ်းလျှောက်လာသူ နောင်ပိန်ကျေးရွာနေ မခင်ဦး ၂ဝ နှစ်ကို  ထပ်မံ ဝင်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် မခင်ဦးတွင် ဝဲဒူးရောင် ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇင်မိုးထွန်းကို နောင်ပိန်နယ်မြေ ရဲစခန်းက ယာဉ်(ပ)၃၈/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။                

Read 14 times Last modified on Thursday, 12 October 2017 12:40