SJ WorldNews - шаблон joomla Авто

ငွေကျပ် ၈၅ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများသိမ်းဆည်း

Thursday, 12 October 2017 12:40 font size decrease font size decrease font size increase font size increase font size

မြိတ် အောက်တိုဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်နယ်စပ်ဂိတ်အနီးတွင် ယမန်နေ့ ည ၁ဝ နာရီခွဲက ငွေကျပ် ၈၅ သိန်းကျော် တန်ဖိုးရွှျှိ့ စာတန်းပါ စိတ်ကြွ ဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ် တာဝန်ခံ ရဲအုပ် ဝင်းဇော်ဦး နှင့်အဖွဲ့သည် သတင်းအရ မောတောင် နယ်စပ်ဂိတ်အနီး စောင့်ဆိုင်းနေစဉ် လူငယ်နှစ်ဦးကို ဆိုင်ကယ် တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးစဉ် အဆိုပါလူငယ် နှစ်ဦးမှာ မြို့မရပ်ကွက် မောတောင်မြို့နေပိုင်စိုးဝေ ၂၄ နှစ်နှင့် ကုန်းကြီးကျေးရွာ မြန်အောင်မြို့နေ ချစ်ဆန်းမောင် ၁၉ နှစ်တို့ဖြစ်ကြောင်း သိရပြီး ချစ်ဆန်းမောင် လွယ်ထားသော ကျောပိုးအိတ် အတွင်းမှ  အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၁၇၁၄ ပြား (တန်ဖိုးငွေကျပ် ၈၅ သိန်းကျော်)၊  ဟန်းဆက်နှစ်လုံးနှင့် wave  အမျိုးအစား ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပိုင်စိုးဝေနှင့် ချစ်ဆန်းမောင်တို့ နှစ်ဦးကို မောတောင်နယ်မြေ ရဲစခန်းက မယ(ပ) (၂/၂ဝ၁၇) ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁  ဖြင့်  အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 21 times Last modified on Thursday, 12 October 2017 12:41