SJ WorldNews - шаблон joomla Авто

အမြန်လမ်း၌ ယာဉ်တိုက်မှု ဖြစ်ပွား

Thursday, 12 October 2017 12:41 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး အောက်တိုဘာ ၁၁

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းမကြီး ရဲစခန်းအပိုင်တွင် ယမန်နေ့နံနက်  ၇ နာရီက  ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၉၁/၂)နှင့် (၉၁/၃) အကြားတွင် နေပြည်တော်ဘက် မှ ရန်ကုန်ဘက်သို့ နွယ်အေးရပ်ကွက် ဒေါပုံမြို့နေ ယာဉ်မောင်း အောင်နိုင် ၂၇ နှစ် မောင်းနှင်လာသော ယာဉ် အမှတ် BB/----Pro Box အဖြူရောင် ယာဉ်မှာ အရှိန်မထိန်း နိုင်ဘဲရှေ့မှ မောင်းနှင်နေသော HIJET အဖြူရောင် ယာဉ်၏ နောက်ပိုင်းကို ဝင်ရောက်တိုက်မိရာ Pro Box ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း HIJET ယာဉ်မောင်းမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ အောင်နိုင်ကို မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းက  ယာဉ်(ပ) ၇ဝ/ ၂ဝ၁၇၊  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ ဖြင့်   အမှုဖွင့် အရေးယူထားကြောင်း  သိရသည်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

Read 8 times Last modified on Thursday, 12 October 2017 12:42