SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဆေးပြားများနှင့် အတူဖမ်းဆီးရမိ

Friday, 13 October 2017 08:54 font size decrease font size decrease font size increase font size increase font size

သထုံ အောက်တိုဘာ ၁၂

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ကျေးရွာ၌ မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဆေးပြားများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး သတင်းအရ သထုံခရိုင် ရဲတပ်ဖွဲ့ဝင်များသည် မုတ္တမကျေးရွာ သဲအိမ်-ကြာပန်း ခရိုင်ချင်းဆက် လမ်းပေါ် သဲအိမ်ကျေးရွာ ရှုခင်းသာ ကုန်းထိပ်၌ စောင့်ဆိုင်းနေစဉ် သဲအိမ် ကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင် လာသော ပေါင်မြို့နယ် အီဗြစ်ကျေးရွာနေ ငွေသန်းနိုင်ကို စစ်ဆေးရာ ၎င်းထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂ဝဝ ကို တွေ့ရှိသည်။ ထို့ပြင် ၎င်း၏နေအိမ်တွင် ရှိသေးကြောင်း စစ်ဆေးသိရသဖြင့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ခေါင်မိုး အကြား၌ ထားရှိသော WY စာတန်းပါဆေးပြား ၆ဝဝ ကို ထပ်မံတွေ့ရှိရပြီး စုစုပေါင်းဆေးပြား ၈ဝဝ ကာလတန်ဖိုး ငွေကျပ်သိန်း ၄ဝ ဖိုးခန့်ကို သိမ်းဆည်းခဲ့သည်။ ငွေသန်းနိုင်အား စစ်ဆေးချက်အရ မူးယစ်ဆေးဝါး ကွင်းဆက်တရားခံ အဖြစ် အီဗြစ်ကျေးရွာနေ ကျော်ဆန်းအောင်ကို ထပ်မံဖမ်းဆီး ရမိပြီး ကရင်ပြည်နယ်မှ ကွင်းဆက်တရားခံ တစ်ဦးကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေသန်းနိုင်နှင့် ကျော်ဆန်းအောင်တို့ နှစ်ဦးကို မုတ္တမနယ်မြေ ရဲစခန်းက မယ(ပ)၆/၂ဝ၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Read 5 times Last modified on Friday, 13 October 2017 08:55