SJ WorldNews - шаблон joomla Авто

ကျောက်မဲမြို့ ပြည်ထောင်စု လမ်းမကြီး၌ စည်းကမ်းမဲ့ မောင်းနှင်လာသည့် ယာဉ်ခြောက်စီးကို ဖမ်းဆီးအရေးယူ

Friday, 13 October 2017 08:55 font size decrease font size decrease font size increase font size increase font size

ကျောက်မဲ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စည်းကမ်းမဲ့ မောင်းနှင်လာသည့် ယာဉ်ခြောက်စီးကို အောက်တိုဘာ ၁၁ ရက်က အဖွဲ့စုံဖြင့်ဖမ်းဆီး အရေးယူထားကြောင်း ကျောက်မဲမြို့နယ် ယာဉ်ထိန်းရုံးမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် ယာဉ်မတော် တဆမှုများ လျော့နည်းလာစေရန် စည်းကမ်းမဲ့ ယာဉ်များကို မြို့တွင်းမြို့ပြင် နေရာများ၌ အဖွဲ့စုံဖြင့် ဖမ်းဆီး အရေးယူမှုများ တစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်နေရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်များကို အရှိန်ပြင်း မောင်းနှင်ခြင်း၊ လိုင်စင်မရှိခြင်း တို့ကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးအရေးယူ ခံရသူများကို ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့်မည် ဖြစ်ကာ ကျောက်မဲမြို့နယ် တရားရုံး၌ ဒဏ်ငွေ ပေးဆောင်ပြီးမှ မော်တော်ယာဉ်ကို လာရောက်ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စည်းကမ်းမဲ့ယာဉ် ခြောက်စီးမှ ယာဉ်မောင်းများဖြစ်သည့် ကျော်ထွန်းလင်းကို ယာဉ်(ပ)၃၇၉/၂ဝ၁၇၊ မော်တော်ယာဉ် ဥပဒေပုဒ်မ-၅၈(က)၊ ယာဉ်မောင်း ရဲသူဦးကို ယာဉ်(ပ)၃၈ဝ/၂ဝ၁၇၊ ပုဒ်မ ၆၂၊ ယာဉ်မောင်း ကျော်ဇင်ထွေးကို ယာဉ်(ပ) ၃၈၁/၂ဝ၁၇၊ ပုဒ်မ ၆၂၊ ယာဉ်မောင်း သန့်ဇင်ထူးကို မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က)၊ ယာဉ်မောင်း သင်းမြင့်သိန်းကို မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က)၊ ယာဉ်မောင်း ကျောက်ကျော်ထွန်းကို   မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က)တို့ဖြင့် ကျောက်မဲမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

Read 6 times Last modified on Friday, 13 October 2017 08:55