SJ WorldNews - шаблон joomla Авто

ယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး ဆိုင်ကယ် စီးနင်းလာသူကို တိုက်မိ

Friday, 13 October 2017 08:56 font size decrease font size decrease font size increase font size increase font size

ကျောက်မဲ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက်(၉) ကျောက်မဲ-မိုးကုတ်ကားလမ်း ချမ်းမြေ့ကြွယ် ကုန်စုံဆိုင်ရှေ့၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ယာဉ်တစ်စီး တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိပြီး ဆိုင်ကယ်စီးနင်းလာသူကို တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ကြပ်ကြီး နေမျိုးဝင်းနှင့် အဖွဲ့သည် သက်သေများနှင့် အတူ အခင်းဖြစ် နေရာသို့ သွားရောက် စစ်ဆေးကြသည်။ ဖြစ်စဉ်မှာ မိုးကုတ်ဘက်မှ ကျောက်မဲမြို့တွင်းဘက်သို့ ကုန်မပါဘဲ ယာဉ်မောင်း ဘီဗဟာဒူး မောင်းနှင် လာသော လိုက်ထရပ်ယာဉ်သည် အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ ဦးအောင်သိန်း မောင်းနှင်ပြီး နောက်တွင် ဒေါ်ရွှေမြ လိုက်ပါလာသည့် Newanbo ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်စီးနင်းသူ ဦးအောင်သိန်းမှာ ဝဲတံတောင် ပွန်းခြစ်ဒဏ်ရာ၊ ယာဘက်ဒူးခေါင်း ပွန်းခြစ်ဒဏ်ရာများ ရရှိပြီး ဒေါ်ရွှေမြမှာ ယာဘက်အပေါ် မျက်ခွံကွဲရှ ဒဏ်ရာ၊ နဖူးရောင်ဒဏ်ရာ၊ ဝဲဘက်ဒူးပေါက်ပြဲ ဒဏ်ရာများ ရရှိသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဘီဗဟာဒူးကို ကျောက်မဲမြို့မ ရဲစခန်းက ယာဉ်(ပ)၄၈/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

Read 8 times Last modified on Friday, 13 October 2017 11:00