SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Monday, 13 November 2017 13:46 font size decrease font size decrease font size increase font size increase font size

ကွတ်ခိုင် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အထွက်၌ ယမန်နေ့က ဆိုင်ကယ်မောင်းနှင် လာသူတစ်ဦးထံမှ  မူးယစ်ဆေးဝါးများ  သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်- ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ ရဲအုပ်ဇော်မင်းသိန်း နှင့်တပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကွတ်ခိုင်မြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီး မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ကွတ်ခိုင်မြို့ဘက်မှ နမ့်ဖက်ကာကျေးရွာ ဘက်သို့ ကွတ်ခိုင်မြို့နေသူ မျိုးထက်ဦး မောင်းနှင်ပြီး လိပ်စာတူ ဒေါ်ယာတီ လိုက်ပါလာသည့် ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၅၇ဝဝ ပြား၊ ဒေါ်ယာတီဝတ်ဆင်ထားသည့် အနွေးထည်လက်ရှည် ဘယ်ဘက်အိတ်ကပ်အတွင်းမှ ပန်းရောင်စိတ်ကြွဆေးပြား ၅၈၈ဝ၊  စုစုပေါင်းဆေးပြား ၁၁၅၈ဝ ကာလတန်ဖိုးငွေ ကျပ် ၁၇၃၇ဝဝဝဝ  ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးထက်ဦးနှင့် ဒေါ်ယာတီတို့ကို ကွတ်ခိုင်မြို့မရဲစခန်းက မယ (ပ) ၅၉/၂ဝ၁၇၊  မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။                  

Read 5 times Last modified on Monday, 13 November 2017 13:49