SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Tuesday, 14 November 2017 11:03 font size decrease font size decrease font size increase font size increase font size

လားရှိုး  နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးမြို့ ရပ်ကွက်(၅)ရေကန် တောင်မုခ်ဦး၌ ဆိုင်ကယ်တစ်စီးကို ရပ်တန့်ရှာဖွေရာ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ    ယမန်နေ့ ည ၁ဝ နာရီက လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကျော်နိုင် ဦးစီးအဖွဲ့သည် သက်သေများနှင့် အတူ လားရှိုးမြို့ ရပ်ကွက်(၅)နယ်မြေ (၂ဝ)ရေကန်တောင်မုခ်ဦး၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်

မန်အိုင်ရွာဘက်မှ ရေကန်တောင်ဘက်သို့ လောက်ဖျင်(ခ)ဟုန်ကျိန်းဖျင် မောင်းနှင်လာသော နံပါတ်မပါ  SRSTA-125 CZI ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ  ပလတ်စတစ်အိတ် အကြည်အတွင်း မိုင်းကိုင်စက္ကူဖြင့် ထည့်ထားသော 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၇ဝဝ ပြားအား    တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်း ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများအား သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ လောက်ဖျင်(ခ)ဟုန်ကျိန်ဖျင် မန်ကောင်လုံရွာ နောင်ဖော့အုပ်စု လားရှိုးမြို့နေသူကို လားရှိုးမြို့မ စခန်းမှ မယ(ပ)၂၅၅/၂ဝ၁၇၊ မူးယစ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ 

Read 4 times Last modified on Tuesday, 14 November 2017 11:03