SJ WorldNews - шаблон joomla Авто
ရွှေကူ

ရွှေကူ

လူတိုင်းသည် မိမိဆန္ဒအရ ဆောင်ရွက်မှု တိုင်းတွင် အောင်မြင်ခြင်းပန်းတိုင်ကို ရယူလိုသူ ချည်းသာဖြစ်သည်။ ပညာရေး၊ စီးပွားရေး၊ အသက်ရှည်ရှည် နေလိုရေးဟူသည့် ပန်းတိုင် အသီးသီးကို မျှော်မှန်းကာ အောင်မြင်မှု ရရှိရေး ကြိုးပမ်းကြသည်။ ပန်းတိုင်ရောက်ရန် စိတ်ကူးဆန္ဒ ရှိရုံဖြင့်မပြီးပေ။ ကျော်ဖြတ်ရမည့် နည်းလမ်းအသွယ်သွယ်ကို သိရှိကာ၊ စနစ်တကျ ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်သည်။ ယင်းကဲ့သို့ ကြိုးပမ်းရာတွင် အဓိက အချက်နှစ်ချက် မြင်တွေ့ရမည်ဖြစ်သည်။ ယင်းတို့မှာ ဥာဏ်ရည် (IQ)နှင့် နှလုံးရည် (EQ) တို့ဖြစ်သည်။

ဆိုစီဒက်အသင်းက ဒီရာသီမှာ ခံစစ်ပိုင်း ဒီလောက်ကောင်းတာ မဟုတ်ပေမယ့် တိုက်စစ်ပိုင်း ကတော့ ဂိုးသွင်းနိုင်သူတွေ များလွန်းတဲ့အတွက် ရလဒ် အထူးကောင်းမွန် နေပါတယ်။

တနင်္လာနေ့ညမှာ ကစားမယ့် လာလီဂါ နှစ်ပွဲမှာ ဒီပွဲကတော့ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့် နှစ်သင်း ရင်ဆိုင်တွေ့တဲ့ ပွဲဖြစ်ပါတယ်။ ဒီနှစ်သင်းမှာ အိမ်ရှင်ဖြစ်တဲ့ ဒီပို့တီဗိုက တိုက်စစ်ပိုင်းမှာ ပိုကောင်းပါတယ်။ ဂီရိုနာအတွက် စိတ်ပျက်စရာ အခြေအနေကလည်း ရှိနေပါတယ်။ အခုပွဲမှာ ဒီရာသီ လာလီဂါ ခုနစ်ပွဲပွဲထွက် ကစားပြီး လေးဂိုးသွင်းထားတဲ့ မစ်ဒယ်ဘရော့ တိုက်စစ်မှူးဟောင်း ခရစ္စတီယန် စတူအာနီ ပွဲပယ်ထိထားခြင်း ပါပဲ။ ဂီရိုနာမှာ စတူအာနီမရှိရင် နောက်ထပ် ဂိုးသွင်းနှုန်းကောင်းတဲ့၊ ဂိုးဖန်တီးမှု ကောင်းတဲ့ ကစားသမား မျိုးလည် လက်ရှိမှာ ရှိမနေပါဘူး။ ရာသီအစ ပိုင်းကတော့ ဂီရိုနာက မန်စီးတီး ကစားသမား ဒါဇင်ဝက်လောက်ကို အငှားခေါ်ထားတဲ့ အတွက် ရလဒ်တွေ ကောင်းလောက်တယ်လို့ ထင်ခဲ့ကြပေမယ့် သူတို့က နောက်ဆုံးကစားခဲ့တဲ့ ခြောက်ပွဲမှာ နှစ်မှတ်သာ ရနိုင်ခဲ့တယ်။  ဒီရာသီ ကစားခဲ့တဲ့ ပွဲတွေရဲ့ ၅ဝ ရာခိုင်နှုန်းမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မက်ဒရစ် အောက်တိုဘာ ၂၂

ရီးယဲလ်အသင်းက ဆိုစီဒက် အသင်းမှ စပိန်ခံစစ်မှူး အယ်လ်ဗာရို အိုဒရီရိုဇိုလာကို ခေါ်ယူဖို့   စောင့်ကြည့်နေပါတယ်။

တရုတ်နိုင်ငံ အခြေစိုက် ZTE ကုမ္ပဏီသည် သမားရိုးကျ စမတ်ဖုန်းများ၏ ပုံစံပြောင်းလဲမှု ပထမ ခြေလှမ်းအဖြစ် မျက်နှာပြင်နှစ်ခုပါ နောက်ဆုံးပေါ် စမတ်ဖုန်းကို မိတ်ဆက်လိုက်ကြောင်း သိရသည်။

ကမ္ဘာကျော် မော်တော်ဆိုင်ကယ်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နေသည့် ယာမာဟာက ယခုတစ်ခါ သမားရိုးကျ ပုံစံများနှင့် ကွဲထွက်သည့် မော်တော်ဆိုင်ကယ် ပုံစံကို ထုတ်ဖော် ပြသလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက်ရှေ့ ပလက်ဖောင်းပေါ်၌ ယခင်က ပထမတစ်ကြိမ် ဖွင့်လှစ်ဖူးသော Yangon Book Street စာအုပ်ဈေးတန်းကို နိုဝင်ဘာလတွင် ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

ပြည်တွင်း၌ ဖွင့်လှစ်ထားသော မော်တော်ယာဉ် အရောင်းစင်တာများ အနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရောင်းချရာတွင် လွယ်ကူစွာ တင်သွင်း ရောင်းချနိုင်ရန် ကျင့်သုံးလျက်ရှိသော Consignment (အပ်ကုန်) စနစ်ကို ဆက်လက် ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိ တစ်ဦးထံမှ သိရသည်။

ရန်ကုန် အောက်တိုဘာ ၂၂

ပြည်တွင်း၌ ပဲဈေးတည်ငြိမ်စေရန် ပုဂ္ဂလိက ရန်ပုံငွေဖြင့် ပဲစင်းငုံများ ဝယ်ယူရာတွင် ကုန်သည်များ ရောင်းချသည့် ပဲစင်းငုံများမှာ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီခြင်း မရှိ၍ ဝယ်ယူရေးအတွက် အခက်ကြုံနေရကြောင်း ပဲစင်းငုံနှင့် မတ်ပဲဈေးနှုန်း တည်ငြိမ်ရေးနှင့် ဝယ်ယူတင်ပို့ ရောင်းချရေး အဖွဲ့စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ကြံခင်း အောက်တိုဘာ  ၂၂

ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် အခြေခံပညာ အလယ်တန်း စာလုံးပေါင်း သတ်ပုံ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး Community Centre ၌ ကျင်းပသည်။

Page 1 of 129