SJ WorldNews - шаблон joomla Авто

ဘားအံ အောက်တိုဘာ ၂၆

ကရင်ပြည်နယ် ဘားအံမြို့နယ် ခရဲကမ်းနား ကျေးရွာအုပ်စု ဒူရိန်ကျေးရွာ၌ နေအိမ် တစ်အိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဂျိုင်းနယ်မြေ ရဲစခန်းမှူး ဦးစီးအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

လားရှိုး အောက်တိုဘာ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် မန်အိုင်ကျေးရွာအုပ်စု နမ့်စံကျေးရွာရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြူး အောက်တိုဘာ ၂၆

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီက ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သိရသည်။

နမ့်ခမ်း အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့ ရပ်ကွက်(၂) နောင်စန့်ကုန်းရပ်ရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့ ညနေ ၃ နာရီက သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်း ခြံစည်းရိုး ကာရံထားသည့် ဝါးကပ်အတွင်း သိုဝှက်ထားသော မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

နေပြည်တော် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မြို့အဝင်ဂိတ်၌ နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော်သား များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ မြဝင်း(ဘ) ဦးမောင်အေး မောင်းနှင်လာသော ကရောင်းအမျိုးအစား မော်တော်ယာဉ်အမှတ်၊  YGN 6 J/---အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း အတွင်းမှ တစ်ထုပ်လျှင် အိုက်စ် ၁ ကီလိုဂရမ်ခန့်ပါ ၂၅ဝ ထုပ်၊ စုစုပေါင်း ၂၅ဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၂၅ဝဝ ခန့်)၊ မြန်မာငွေကျပ် သုံးသိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

မိုးညှင်း အောက်တိုဘာ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာအဝင် မိုးညှင်း-မော်ဟန်ကားလမ်း ဘီးခွန်ကောက် ဂိတ်အနီး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက  ငွေကျပ်သိန်း ၁၅ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

လားရှိုး အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် လားရှိုး- မိုင်းယော်ကားလမ်း နားဖကျေးရွာ အဝင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုး အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့မဈေးကြီး အနီး၌ ယမန်နေ့ နံနက် ၁၁ နာရီမိနစ် ၄ဝ က ဘဏ်တွင် ငွေလွှဲပြန်လာသူထံမှ အမည်မသိ ဆိုင်ကယ် မောင်းနှင်လာသူ နှစ်ဦးက လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။

နောင်ချို အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် အုမ္မခါး ကျေးရွာအနီး မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီး၌ ယမန်နေ့ ညသန်းခေါင်ကျော် ၁၂ နာရီခွဲက ရှေ့မှ မောင်းနှင်နေသော ခရီးသည်တင် ယာဉ်တစ်စီးကို နောက်မှ မော်တော်ယာဉ်က ကျော်တက် မောင်းနှင်စဉ် လမ်းဘေးတွင် ရပ်နေသူ တစ်ဦးအား တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

မူဆယ် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ပေါက် အနီး၌ ယမန်နေ့ ည ၇ နာရီခွဲက ဆိုင်ကယ်ခိုးယူနေသဖြင့် ဆိုင်ကယ်ပိုင်ရှင် အမျိုးသမီးက ဝင်ရောက် တားဆီးစဉ် ဆိုင်ကယ်ခိုးယူသူက  အဆိုပါ အမျိုးသမီးအား သံချွန်ဖြင့်ထိုးမှု ဖြစ်ပွားကြောင်း သိရသည်။

Page 191 of 219