SJ WorldNews - шаблон joomla Авто

မော်လမြိုင် အောက်တိုဘာ ၂ဝ

မွန်ပြည်နယ် မုဒုံမြို့နယ် တာပသွန်ကျေးရွာ အုပ်စု သာယာကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်ကို ယမန်နေ့ ည ၁၁ နာရီက ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြားများနှင့် ကျည်မျိုးစုံ ၁၄ တောင့် သိမ်းဆည်း ရမိကြောင်း သိရ သည်။

လားရှိုး အောက်တိုဘာ ၂ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာ အုပ်စု၌ ယမန်နေ့ ညနေ၄ နာရီခွဲက အိမ်တွင်မွေးထားသည့်ကျွဲခတ်သဖြင့် ပိုင်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သိရသည်။

ခင်ဦး အောက်တိုဘာ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ဧရာဝတီမြစ်ကြောင်း၌ ယမန်နေ့ည ၇ နာရီခွဲက သစ်များ တရားမဝင် သယ်ဆောင်လာသော ရေယာဉ်နှစ်စီးသိမ်းဆည်းရမိကြောင်း ကုန်းကြီးရဲကင်း စခန်းမှူး ရဲအုပ် သီဟထံမှ သိရသည်။

လားရှိုး အောက်တိုဘာ ၂ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၃/၃)နှင့် (၃/၄)ကြားတွင် ထော်လာဂျီ တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ အခင်းဖြစ်နေရာတွင် တစ်ဦးသေဆုံးပြီး သုံးဦးမှာ စိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရသည်။

နေပြည်တော် အောက်တိုဘာ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု တစ်သုံးလုံး ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် များအား တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် ရေမဆေးကျောက် ရှာဖွေသူများက ယမန်နေ့ညပိုင်းတွင် လုပ်ကွက် အတွင်း အတင်းဝင်ရောက်ပြီး ရန်ပြုတိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ငါးဦးသေဆုံးကာ ၂ဝ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီ အောက်တိုဘာ ၁၉

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ၏ မြောက်ဘက်နှစ်မိုင်ခန့် အကွာ ဥယျာဉ်ခြံတဲ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ငွေကျပ် ၃၂ သိန်းကျော် တန်ဖိုးရှိ    စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

လားရှိုး အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့ရှောင်လမ်းမကြီး၌ ယမန်နေ့ ညနေ ၃ နာရီက ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ရန်ကုန် အောက်တိုဘာ ၁၉

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၅၁)ရပ်ကွက် ဘုရင့်နောင် (၂)လမ်း အိမ်အမှတ်(၂၁/ခ)၌ ယမန်နေ့ ည ၁၁ နာရီ ၄၅ မိနစ်က နေအိမ် အတွင်းမှ မီးခိုးများ ထွက်ရှိပြီး ညှော်နံ့ထွက်နေသဖြင့် ပတ်ဝန်းကျင်ရှိ ပြည်သူများက အိမ်တံခါးသော့ဖျက် ဝင်ရောက် မီးငြှိမ်းသတ်ရာမှ မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသည်။

Page 193 of 219