SJ WorldNews - шаблон joomla Авто

ကျောက်တံခါး  သြဂုတ် 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်း ကျွန်းကုန်းကျေးရွာအနီး၌ ယနေ့ နံနက် ၂ နာရီတွင် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖားကန့်  သြဂုတ် 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု ဘွန်နန်ကျေးရွာ၌ ယမန်နေ့ ညနေ ၆ နာရီခွဲက နေအိမ်အတွင်းမှ ငွေကျပ် သိန်း ၇ဝဝ တန်ဖိုးရှိ   စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

တောင်ငူ  သြဂုတ် 

ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့၏ ကျက်သရေဆောင် ရွှေဆံတော်ဘုရား အရှေ့ဘက်မုခ်၌ ယနေ့ နံနက် ၂ နာရီတွင်  မီးလောင်မှုဖြစ်ပွားကြောင်း  သိရသည်။          

နေပြည်တော် သြဂုတ် ၎

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ လွယ်ခန်ကျေးရွာနေ လောဆန်း၏နေအိမ်သို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ

မိုင်းဖြတ်  သြဂုတ် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် တာကျောက် ကျေးရွာအနီး၌ ယမန်နေ့ နံနက် ၉ နာရီခွဲက မော်တော် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်းသို့ ထိုးကျပြီး ယာဉ်မောင်းသေဆုံးမှု ဖြစ် ပွားကြောင်း သိရသည်။

ပင်လုံ  သြဂုတ် 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့အမှတ်(၃)ရပ်ကွက် အောင်ဇေယျလမ်းနှင့် စဝ်စံထွန်းလမ်းထောင့်၌ ယမန်နေ့ နံနက် ၃ နာရီက မော်တော်ဆိုင်ကယ် စီးလာသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိသည်။

မြိတ်  သြဂုတ် ၃

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေ ညောင်ပင်ကြီးလမ်းဆုံ၌ ယမန်နေ့ ညနေ ၄ နာရီခွဲက ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ကနီ  သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကနီဆိပ်ကမ်း၌ ညအိပ်ရပ်နားထားသော ကုန်တင်ရေယာဉ်တစ်စင်း ယနေ့ နံနက်ပိုင်းတွင် တန်ပိုကြောင့် နစ်မြုပ်မှု ဖြစ်ပွားကြောင်း သိရသည်။

သာစည်    သြဂုတ်   ၂

သာစည်မြို့နယ် တောင်ကြီး-မိတ္ထီလာကားလမ်း ကျွဲတပ်ဆုံကျေးရွာ စစ်ဆေးရေးဂိတ်၌ ယမန်နေ့က ဘိန်းစိမ်းများ သယ်ဆောင်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

နေပြည်တော်   သြဂုတ်   ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရေပူစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးစဉ် သြဂုတ် ၁ ရက် ည ၁ဝ နာရီခွဲခန့်တွင် သိန်းနီမှ လားရှိုးဘက်သို့ ဦးအိုက်ပွင့်(ဘ)ဦးမောင်ဘ မောင်းနှင် လာသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်နောက်၌ သယ်ဆောင်လာသော ခြင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၉ဝ ပြား (စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၇၈ဝဝဝဝ ကျပ်ခန့်) အား ဖမ်းဆီးရမိခဲ့သည်။

Page 195 of 195