SJ WorldNews - шаблон joomla Авто

တောင်ငူ အောက်တိုဘာ ၉

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ် ဇီးပင်သာ အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် (၁၅၅/၇)နှင့် (၁၅၆/ဝ)အကြား၌ ယနေ့နံနက် ၃ နာရီခွဲတွင် ခရီးသည်တင် EXPRESS တစ်စီး တိမ်းမှောက်ကာ တစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

သထုံ အောက်တိုဘာ ၉

မွန်ပြည်နယ် သထုံမြို့နယ် လိပ်အင်းရပ်ကွက် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းပေါ်၌ ယမန်နေ့က မော်တော်ယာဉ် နှစ်စီးကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း သိရသည်။

ထားဝယ် အောက်တိုဘာ ၉

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းရှိ  ရွှေဧကရီ တံတားအနီး၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက လူတစ်ဦးရေထဲ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြူး အောက်တိုဘာ ၉

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် မင်းကံရိုး ကျေးရွာအုပ်စု ဒိုင်းတရာ ကျေးရွာအနီး၌ ယမန်နေ့ ည ၁၁ နာရီက ခြောက်ဘီးယာဉ်ဖြင့် တရားမဝင် သယ်ဆောင်လာသော နွားများသိမ်းဆည်း ရမိကြောင်း သိရသည်။

ပဲခူး အောက်တိုဘာ ၉

ပဲခူးမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းအပိုင် မဇင်းရပ်ကွက် အိုးလေးစုပိုင်း လမ်းသွယ် (၂)၌ ယမန်နေ့ ည ၇ နာရီက တစ်သောင်းတန် ငွေစက္ကူ အတုကိုင်ဆောင် အသုံးပြုသူ တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြူး အောက်တိုဘာ ၈

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယမန်နေ့ မွန်းလွဲပိုင်းက ယာဉ်တစ်စီး ဘီးပေါက်ကာ     ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း  သိရသည်။

တနင်္သာရီ အောက်တိုဘာ ၈

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ချောင်းလမုကျေးရွာ ကမ်းနားဦးပိုင်း ကမ်းနားလမ်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဘိန်းစာမှုန့်များ သိမ်းဆည်းရမိကြောင်း သိရသည်။

မော်လူး အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။

ရေး အောက်တိုဘာ ၈

မွန်ပြည်နယ် ရေးမြို့နယ် ဟံဂံကျေးရွာ ကလော့-ခေါဇာသွား ကားလမ်းပေါ်၌ ယမန်နေ့ည ၁ဝ နာရီခွဲက တရားမဝင် သယ်ဆောင်လာသည့် ဘီယာနှင့် အရက်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ညောင်လေးပင် အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ (၃)ရပ်ကွက် ပင်းတလဲ ကျောင်းကွေ့ ရန်ကုန်-မန္တလေး ကားလမ်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ၂၂ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းသူ သေဆုံးကြောင်း သိရသည်။

Page 197 of 219