SJ WorldNews - шаблон joomla Авто

ပေါင် သြဂုတ် ၂၇

မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမ ကျေးရွာ၌ ယမန်နေ့ ည ၇ နာရီက လမ်းလျှောက်လာသူ လေးဦးကို မော်တော်ယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိရာ တစ်ဦး သေဆုံးကြောင်း သိရသည်။

ကလော သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၆) ရပ်ကွက်ရှိ သာစည်ပူးပေါင်း စစ်ဆေးရေး ဂိတ်အနီး၌ ယမန်နေ့ ည ၉ နာရီက ခရီးသည်တင် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိသည်။

မူဆယ် သြဂုတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက်၌ ယမန်နေ့က နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသည်။

ပေါင် သြဂုတ် ၂၅

မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ သာမညကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက အမြွှာညီအစ်ကို ကလေးနှစ်ဦး ဆော့ကစားရာမှ အနက် ၃ ပေခန့်ရှိ ရေကန်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ရေတာရှည် သြဂုတ် ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ ယမန်နေ့ ညနေပိုင်းက ခရီးသည်တင်ယာဉ်နှင့် CANTER ယာဉ်တို့ တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။

သံဖြူဇရပ် သြဂုတ် ၂၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီနယ်မြေ ရဲစခန်းအပိုင် စက်စဲကျေးရွာ ကမ်းခြေကမ်းနားလမ်းရှိ လင်းလင်း ထွန်း ဓာတ်ပုံကူးဆိုင်၌ သြဂုတ် ၂၃ ရက် ညနေ ၅ နာရီက စိတ်ကြွမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ကျောက်ကြီး သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ သိမ်တန်းရပ်ကွက်အတွင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က နေ အိမ်ပေါ် တက်ရောက် လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။

မိတ္ထီလာ သြဂုတ် ၂၅

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက် နယ်မြေ(၂) စက်ရုံလမ်း၌ နေထိုင်သော အမျိုးသမီး တစ်ဦးအား ယမန်နေ့ ညနေ ၃ နာရီက နေအိမ်အတွင်း ဝင်ရောက်၍ ဓားဖြင့်ခုတ်မှု ဖြစ်ပွားကြောင်း သိရသည်။

နေပြည်တော် သြဂုတ် ၂၅

သြဂုတ် ၂၃ ရက် ည ၆ နာရီခွဲတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှ အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း) ကျေးရွာနေ အားစမ်းနှင့် ဇနီးဖြစ်သူ အားရှဲန်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေစဉ် အိမ်စောင့်ဖြစ်သူ အားကိုင်ဖန်း(ဘ) ဦးအိုက်ရင်နှင့် အတူ ဖမ်းဆီးရမိခဲ့သည့် မော်တော်ယာဉ် ခုနစ်စီးအား သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင်

Page 204 of 212