SJ WorldNews - шаблон joomla Авто

အားလုံးအတွက် တိုးတက် ကောင်းမွန်သော တရားမျှတမှု ဆီသို့

Sunday, 11 February 2018 08:41 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ ၏(၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ် အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စု တရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှုလုပ်ငန်းသည် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် ''အားလုံးအတွက် တိုး တက်ကောင်းမွန်သော တရားမျှတမှုဆီသို့'' ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးငါးနှစ်တာ မဟာဗျူဟာ စီမံကိန်း ၂ဝ၁၈ -၂ဝ၂၂ ကိုဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားစီ ရင်ရေး ငါးနှစ်တာမဟာဗျူဟာစီမံကိန်း ၂ဝ၁၈-၂ဝ၂၂ ပါလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များက ကြီးကြ ပ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်းဖြင့် အလေးအနက်ပြောကြားပြီး ၂ဝ၁၇ ခုနှစ်အတွင်း တရားရုံးများသို့ရောက်လာသည့် အမှုအခင်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားရာ မှုခင်းလက်ကျန် နည်းပါးကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ ဥပဒေပြုရေးမဏ္ဍိုင်သည် ပြည်သူများက ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဦး ဆောင်သည့် လွှတ်တော်များဖြစ်သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်သည် နိုင်ငံတော် အစိုးရက ခန့်အပ်ထားသော နိုင် ငံ့ဝန်ထမ်းများဖြစ်သည်။ တရားစီရင်ရေးမဏ္ဍိုင်သည် ပြည်ထောင်စု တရားသူကြီးချုပ်တို့ ဦးဆောင်သည့် ဥပဒေပညာရှင်များဖြစ်သည်။ ဆိုခဲ့သော မဏ္ဍိုင်ကြီးသုံးရပ် တည့်မတ်ရေးအတွက် အပြန်အလှန် ထိန်းကျောင်းမှု ရှိကြလျှင် ပြည်သူများ စိတ်ချမ်းသာကြရသည်နှင့်အမျှ နိုင်ငံတော် အစိုးရအပေါ် ယုံကြည်မှုရှိကြမည်ဖြစ်သည်။ အလျဉ်းသင့်၍ ၂ဝ ရာစုနှောင်းပိုင်းက ဖတ်ခဲ့ဖူးသော သတင်းတစ်ပုဒ်ကို တင်ပြ လိုသည်။ သတင်းမှာ မြို့နယ်တစ်ခုတွင် နွားခိုးမှုတစ်မှုကို တရားရုံးသို့ သက်သေခံတင်သွင်းရာ မူလတရားစွဲဆိုစဉ်က တရားရုံးသို့ တင်သွင်းသော သက်သေခံနွားသားရေသည် အပြာရောင်ဖြစ်ပြီး အမှုစစ်ဆေး ချိန် တင်သွင်းသော သက်သေ ခံနွားသားရေက အနက်ရောင် ဖြစ်နေသည်ဟု ထိုအချိန်က သတင်းစာများ၌ ဖတ်လိုက်ရသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်ရသော အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ အပြန် အလှန်သစ္စာစောင့်သိရန် လိုသည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့ ကျင်းပသည့် ဇန်နဝါရီ ၂၃ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်က တရားရုံးအဆင့်ဆင့်ရှိ တရားသူကြီး မဟုတ်သော အချို့သော ဘိလစ်စာရေးများ၊ ရှေ့ဖတ်စာရေးများ၊ ရုံးအကူများမှာ အနေကြာသူဝန်ထမ်းများဖြစ်၍ သင့်တင့်ေ သာ အချိုးဖြင့် အသုတ်လိုက် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်စေရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မေးမြန်း သည့် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ဖြေကြားရာ၌ အဆင့်ဆင့်သော တရားရုံးများတွင် ဝန်ထမ်းအိမ်ရာများ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝန်ထမ်းများကိုပြောင်းရွှေ့ရာတွင် အခက်အ ခဲရှိမည် မဟုတ်သော်လည်း အခြားတိုင်းဒေ သကြီးများနှင့်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား အခြားမြို့နယ်ရှိ တရားရုံးများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေပါက ၎င်းတို့နေထိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည်ဖြစ်သည့်အတွက် တရားရုံး အဆင့်ဆင့်ရှိ အနေကြာဝန်ထမ်းများအား သင့်တင့်သောအချိုးဖြင့် အသုတ်လိုက်ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးမြန်းသော မေးခွန်းသည် အခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့နယ်များတွင်လည်း အလားတူတရား စီရင် ရေးမဏ္ဍိုင်ကို ယိုင်နဲ့စေသော အခြေအနေများရှိကြောင်း ကြားသိနေရသည့်အပြင် ဥပဒေဝန်ထမ်းနှင့် တရား ရေးဝန်ထမ်းတို့ပူးပေါင်း၍ သက်သေခံမော်တော်ကားကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမခံရေ အာင် ကြံ စည်မှုပေါ်ပေါက်လာသောအခါ သက်ဆိုင်သူများ တိမ်းရှောင်သွားသည့် သတင်းကို ပြည်သူများ ကြားသိကြပြီးဖြစ်သည်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၃ ရက်မြော က်နေ့ ကျင်းပသည့် ဖေဖော်ဝါရီ ၆ ရက်တွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တင်ပြရာ၌ ၎င်း၏ မဲဆန္ဒနယ်၌ သက်သေခံပစ္စည်းဖြစ်သည့် ခြောက်ဘီးကားတစ်စီးနှင့် ဆက်စပ်ပစ္စည်းများကို အယူခံပြင်ဆင် ရက်ကျော်ပြီး အယူခံပြင်ဆင်မှုလည်း တင်သွင်းခြင်း မရှိသည့်တိုင်အောင် ပစ္စည်းပြန်ထုတ်ဖို့ အခက်အခဲ ဖြစ် နေကြောင်းတင်ပြသွားသည့် သတင်းကို ပြည်သူများ ကြားသိရသည်။ မြန်မာနိုင်ငံ ရှိမြို့နယ်ပေါင်း ၃၃ဝ ၌ တာဝန်ထမ်းဆောင် နေကြသူများအားလုံး သဘောဖြူအူစင်းကြသည် မဟုတ်သည့်အတွက် ဆွမ်းဆန်ထဲ ကြွက်ချေးရောသည့် အနေအထားမျိုး ရှိနေကြမည်သာဖြစ်သည်။ အားလုံးအ တွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေး ငါးနှစ်တာမဟာဗျူဟာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရာတွင် သက်ဆိုင်သူအားလုံးတို့က မိမိကိုယ်မိမိ သစ္စာရှိမှုနှင့် လုပ်ငန်းအပေါ် သစ္စာစောင့်သိမှုတို့ရှိကြရန်ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော်လိုက်ရပါသည်။

Read 108 times Last modified on Sunday, 11 February 2018 08:44