SJ WorldNews - шаблон joomla Авто

ဘာကြောင့်ရပ်ရပ် လမ်းဘေး လွတ်လွတ် ကင်းကင်း ချရပ်

Sunday, 11 March 2018 09:30 font size decrease font size decrease font size increase font size increase font size

ဆောင်းအကုန် နွေအကူး တပေါင်းလတွင် ဗုဒ္ဓဘာသာမြန်မာတို့ ဘုရားစုံ သွားရောက် ဖူးမြော်ကြရာ မော်တော်ယာဉ်မတော်တဆမှုဖြစ်သည့် သတင်းများ တွေ့ရသည့်အနက် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဇလုံတောင်နှင့် အင်းတော်ကြီး ဘုရားဖူးပြီး ပြန်လာကြသောခရီးသည်များ လိုက်ပါ လာကြသည့် မော်တော်ယာဉ်သည် ဗန်းမော်မြို့မှ လွယ်ဂျယ်မြို့သို့ ထွက်ခွာလာစဉ် ယောယုံကျေးရွာနှင့် ဝိန်းခမ်း ကျေးရွာအကြား မိုင်တိုင်အမှတ်(၄ဝ)သို့ ရောက်ရှိချိန်တွင် တောင်အဆင်းလမ်း၌ ဘရိတ်ပေါက်ပြီး အနက်ပေ ၂ဝဝ ခန့်ရှိသော ချောက်အတွင်း ထိုးကျတိမ်းမှောက်သွားသည့် ဖြစ်စဉ်တစ်ခု မတ် ၇ ရက် ညနေ ၄ နာရီက ဖြစ်ပွားသည်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသည်အမျိုးသမီးငါးဦး အခင်းဖြစ်နေရာ၌ သေဆုံးပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး နှင့်အမျိုးသမီးကိုးဦးတို့ ပြင်းထန်နာကျင် ဒဏ်ရာရသွားကြသည်။ အလားတူဖြစ်စဉ်မျိုးမှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီက ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျောက်စကွဲတောင် အနီး၌ ရွှေပေါ်ကျွန်း (ကျွန်းတော်) ဘုရားဖူးပြီးပြန်လာကြသည့် ခရီးသည် ၃၃ ဦးလိုက်ပါလာသော မော်တော်ယာဉ်တစ်စီးသည် အတက်လမ်း ခရီး၌ နောက်ပြန်လိမ့်ပြုတ်ကျလာပြီး တိမ်းမှောက်သွားသဖြင့် ခရီးသည် ၃၁ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့တို့ကို ဆက်သွယ်ထားသည့် လီဒိုလမ်းမကြီးပေါ်ရှိ နမ္မတီးမြို့နယ် ဆီးဒီးယန်းကျေးရွာအနီးတွင် တနိုင်းမှ မြစ်ကြီးနားဘက်သို့ ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီး ရပ်တန့်၍ ရှေ့မီးလုံးပြင်ဆင်နေစဉ် လားရာတူဘက်သို့ မောင်းနှင်လာသော အိမ်စီးယာဉ်တစ်စီး က နောက်မှဝင်တိုက် သဖြင့် အိမ်စီးယာဉ်မောင်းတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးသည့် ဖြစ်စဉ်တစ်ခု မတ် ၅ ရက် ည ၇ နာရီခွဲတွင် ဖြစ်ပွားသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ မတ် ၃ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ တွင် မြို့မရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ရှိ မိဘမေတ္တာ ပရိဘောဂဆိုင်ရှေ့၌ ရပ်ထားသည့် အိမ်စီးမော်တော်ယာဉ် တစ်စီးကို ယာဉ်မောင်းတစ်ဦးက နောက်ဆုတ် မောင်းနှင်လာစဉ် လမ်းဖြတ်ကူးသူ အသက် ၇၆ နှစ်ရှိ အမျိုးသမီးကြီး တစ်ဦးအား ဝင်တိုက်မိသဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်။ ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့ နယ် ညောင်ချောင်းအုပ်စု တလိုင်းစုကျေးရွာ၌ သတ်မှတ်ထားသော အချက်ပြမီးများထွန်း၍ ရပ်ထားသည့် ယာဉ် တစ်စီး၏ဝဲဘက်ခြမ်းကို ဝင်တိုက်ပြီး မျက်နှာချင်းဆိုင်မှလာသော ခရီးသည်တင် ယာဉ်တစ်စီးနှင့် ဆက်တိုက် သည့်ဖြစ်စဉ်တစ်ခု မတ် ၃ ရက် ည ၈ နာရီ ၄၅ မိနစ်က ဖြစ်ပွားသည်။ ယာဉ်တိုက်သည့်ဖြစ်စဉ်ကြောင့် ရပ် ထားသောကုန်တင်ယာဉ်မှ ဦးပဉ္စင်းတစ်ပါး၊ ကိုရင်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် ယာဉ်ေ မာင်းတို့ အခင်းဖြစ် နေရာ၌သေဆုံးသွားပြီး မျက်နှာချင်းဆိုင်မှ ဝင်တိုက်သော ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးကြောင်း သိရသည်။ အလားတူ ဓနုဖြူမြို့နယ် ညောင်ေ ချာင်းအုပ်စု တလိုင်းစု ကျေး ရွာ၌ သတ်မှတ်အချက်ပြမီးများထွန်း၍ လမ်းယာဘက်ဘေး၌ ရပ်ထားသည့် ကုန်တင်ယာဉ် တစ်စီးကို ခရီး သည်တင်ယာဉ်တစ်စီးက ဝင်တိုက်သည့်ဖြစ်စဉ်တစ်ခု မတ် ၄ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင်ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူများ ဒဏ်ရာအနည်းငယ်စီ ရရှိသွားကြသည်။

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်အတွင်း မိတ္ထီလာ-မြင်းခြံသွား မော်တော်ကားလမ်း မိုင်တိုင်အမှတ် (၁၉/ဝ)နှင့် (၁၉/၁)ကြား၌ ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မော်တော်ဆိုင်ကယ် တစ်စီး ကိုဝင်တိုက်သဖြင့် မော်တော်ဆိုင်ကယ် စီးလာသူတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ဆေးရုံတွင် တစ်ဦးသေဆုံးသွားသည့် ယာဉ်တိုက်မှုတစ်ခု မတ် ၆ ရက် ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကွာရီကျေးရွာ ရွှေညောင်ပင်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ဝေါဘက်မှ ကျိုက်ထိုမြို့ နယ်ဘက်သို့မောင်းနှင်လာသော သစ်လုံးတင်ယာဉ်တစ်စီးကို လားရာတူဘက်သို့ မောင်းနှင်လာသော လိုက် ထရပ်ယာဉ်တစ်စီးက နောက်မှဝင်တိုက်သဖြင့် လိုက်ထရပ်ယာဉ်မောင်း အမျိုးသားတစ်ဦး အခင်းဖြစ်နေရာ၌ သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရရှိသွားသည့်ဖြစ်စဉ် မတ် ၆ ရက် ည ၁ဝ နာရီက ဖြစ်ပွားသည်။ မန္တလေး တိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးမိုင်တိုင်အမှတ် (၃၅၄/၄)နှင့် (၃၅၄/၅)ကြား ကား လမ်းယာဘက်ဘေးရပ်ထားသော ခြောက်ဘီးယာဉ်၏ မိုးကာစများ ပြန်လည်ချည်နှောင်နေသူကို ၁၂ ဘီး ကုန်တင်ယာဉ်က ဝင်တိုက်မိသဖြင့် သေဆုံးသွားသောဖြစ်စဉ် မတ် ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားသည်။

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက်အတွင်း မော်လမြိုင်-ရန်ကုန် မော်တော်ကားလမ်း၌ ဘီးလင်းမှ မော် လမြိုင်သို့ ထွက်ခွာလာသောဘုရားဖူးယာဉ်သည် အရှိန်လွန်၍ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားစဉ် မျက်နှာချင်းဆိုင်မှ မောင်းလာသော ကျောက်သယ်ယာဉ်ကို ဝင်တိုက်မိသဖြင့် ဘုရားဖူးယာဉ်ရှေ့ခန်းတွင် လိုက်ပါလာသော ခရီးသည်တစ်ဦးသေဆုံးသည့် ဖြစ်စဉ် မတ် ၅ ရက် ည ၆ နာရီက ဖြစ်ပွားသည်။ အ ထက်တွင်ဖော်ပြခဲ့သော သတင်းများအရ မတ်လ ပထမရက်သတ္တပတ်အတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွား သောအကြိမ်နှင့် သေဆုံးသူဦးရေမှာ သာမန်ကာလများထက် ပိုများနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ယာဉ်မောင်းသူများ အနေဖြင့် ဘာကြောင့်ရပ်ရပ် လမ်းဘေးလွတ်လွတ်ကင်းကင်း ချရပ်ခြင်း၊ ညအချိန်များ တွင်အထူးသတိထား၍ သင့်တင့်သော အရှိန်ဖြင့် မောင်းနှင်ခြင်းဖြင့် ယာဉ်အန္တရာယ်ကို လျှော့ချရန်လိုအပ် ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 264 times Last modified on Sunday, 11 March 2018 09:31