SJ WorldNews - шаблон joomla Авто

သီတာရေလျဉ် မြစ်သံလွင်က စီးမြဲစီးလျက်သာ

Thursday, 24 January 2019 10:39 font size decrease font size decrease font size increase font size increase font size

သံလွင်မြစ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအတွင်း မြောက်လတ္တီတွဒ် ၂၆ ဒီဂရီမျဉ်းနှင့် အနီးဆုံးနေရာရှိ ဖီမော်၊ ဂေါ်လန်၊ ဂန်ဖန်ဒေသမှ မြစ်ဖျားခံ၍ မြန်မာနိုင်ငံအတွင်းမှ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို အစဉ်အတိုင်းဖြတ်သန်း၍ မုတ္တမ ပင်လယ်ကွေ့ရောက်သော် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ မြန်မာနိုင်ငံအတွင်း စီးဆင်းသော သံလွင်မြစ်ကြောင်းသည် စုစုပေါင်း ၇၉၆ မိုင်ရှည်လျားသည်။ အိမ်နီးချင်း နိုင်ငံအတွင်းရှိ ဖီမော်၊ ဂေါ်လန်၊ ဂန်ဖန်ဒေသသည် ယခင်နယ်နိမိတ်သတ်မှတ်ချက်အရ ကချင်ပြည်နယ် အတွင်း ပါဝင်သော်လည်း ဖဆပလ အစိုးရလက်ထက်က နယ်နိမိတ်တိုင်းတာစဉ် အိမ်နီးချင်းနိုင်ငံဘက်သို့ ပါသွားခြင်း ဖြစ်ပြီး ယခုစစ်ဆောင်ပနား (ရှမ်းတိုင်းရင်းသားတို့ အခေါ်အားဖြင့် လယ်တွင်း ၁၂ ခရိုင်) ဟုခေါ်ကြောင်း သိရသည်။

ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့တွင် ရှမ်းတိုင်းရင်းသား လူမျိုး ၃၃ မျိုးပါဝင်သည်။ ဧရာဝတီသည် မြန်မာပြည်သူတို့၏ အသည်းနှလုံးဟု ဆိုသည့်ပမာ သံလွင်သည် ရှမ်းတိုင်းရင်းသား တို့အတွက် အသက်သွေးကြောဟု ဆိုနိုင်သည်။ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်တို့သည် စီးဆင်းရာ ဒေသအလိုက် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း အကျိုးပြု နေကြသည်မှာ တူညီကြသည်။ ရေအရင်းအမြစ်ကို အသုံးပြုရသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူ ပို့ဆောင်ရေးမှသည် ရေအားလျှပ်စစ် ထုတ်ယူသုံးစွဲရေးအထိ သူ့နေရာနှင့်သူ မြစ်လေးသွယ်က အကျိုးပြုနေကြသည်။

ရှမ်းပြည်နယ်ရှိ ၅၂ မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၃ မျိုးတို့တွင် ပအိုဝ့်တိုင်းရင်းသားတို့သည် သံလွင်မြစ်နှင့် နီးသောနေရာ၊ ဝေးသောနေရာတို့တွင် အသီးသီး နေထိုင်လျက်ရှိကြသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ပန်ပိဒေသ အတွင်း၌ ၂ဝ၁၈ ခုနှစ် အောက်တိုဘာမှစ၍ RCSS/SSA နှင့် PNLO အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး RCSS/SSA အဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူများအား လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းနှင့် ဆက်သွယ်ရေး လမ်းကြောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေသည့်အတွက် ဒေသခံ တိုင်းရင်းသားပြည်သူများမှာ မိမိတို့ နေရပ်ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ နောင်ချိုကျေးရွာ

နှင့် ပန်ပိကျေးရွာတို့မှ ပအိုဝ့်လူမျိုး အမျိုးသား ၁၈ ဦးနှင့် ဆရာမများ အပါအဝင် အမျိုးသမီး ၂၂ ဦးတို့သည် ဇန်နဝါရီ ၆ ရက်၊ သံဃာတော်နှစ်ပါး၊ ရှင်သာမဏေ ၁၉ ပါး၊ အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့သည် ဇန်နဝါရီ ၇ ရက်တို့တွင် နောင်ချို-ပန်တဝိ-မအွန်လောင်း လမ်းကြောင်းအတိုင်း အသီးသီး ထွက်ခွာလာကြသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက တပ်မတော်မော်တော်ယာဉ်များဖြင့် ကူညီခေါ်ဆောင်ပြီး လင်းခေးမြို့ ပုန်းထွန်ရပ်ကွက်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်း၌ ခေတ္တတည်းခို နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက်နှင့် ၉ ရက်တို့တွင် ပန်ပိကျေးရွာမှ ပအိုဝ့်လူမျိုး ရှင်သာမဏေ ခုနစ်ပါး၊ အမျိုးသား ၁၂၈ ဦးနှင့် အမျိုးသမီး ၁၈ဝ ဦးတို့သည် သံလွင်မြစ်ကိုဖြတ်ကူး၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တပ်ဖာလိုင်-ခမ်းပါဒေသရှိ နောင်ပါလျန် ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသဖြင့် မိုင်းတုံတပ်နယ်မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၇ ရက် တွင် တပ်မတော်မော်တော်ယာဉ် ၁၂ စီးဖြင့် ကူညီခေါ်ဆောင်၍ မိုင်းပန်မြို့နယ် တာဆန်း ကျေးရွာရှိ နယ်မြေခံတပ်ရင်း၌ ခေတ္တတည်းခို နေထိုင်စေပြီး နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများနှင့် လင်းခေးမြို့နယ် ဌာနဆိုင်ရာအဖွဲ့များ၊ ဒေသခံ ပြည်သူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ပုထုဇဉ်တို့သဘာဝ မေတ္တာပင်လယ်ဟု ဆိုအပ်သော အမေ့အိမ်နှင့် အမေ့အိမ် တည်ရှိရာ ဇာတိချက်ကြွေ မွေးရပ်မြေကို လွမ်းဆွတ်ကြသည့် အားလျော်စွာ နေရပ်စွန့်ခွာလာ ကြရသူများကလည်း နေရပ်အသီးသီးသို့ ပြန်လိုကြသဖြင့် လင်းခေးမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် တာဆန်းကျေးရွာ နယ်မြေခံတပ်ရင်း၌ ခေတ္တတည်းခိုနေကြသူများအား ဇန်နဝါရီ ၁၄ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တပ်မတော်မော်တော်ယာဉ်များ၊ အရပ်ဘက် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးပြီးဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လုံခြုံမှုရှိ စေရေးတို့အတွက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများကို တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိသည်။

သံလွင်မြစ်သည် ပြည်ပကျူးကျော်သူ KMT တို့ကို ကြုံခဲ့ဖူးသည်။ ဗကပတို့၏ သံလွင်အရှေ့ခြမ်း လွတ်မြောက်နယ်မြေ ထူထောင်ရေး ဒဏ်ကိုလည်း ခံခဲ့ရဖူးသည်။ ရှမ်းတိုင်းရင်းသား မျိုးနွယ်များမှ လူနည်းစုတို့ဘဝမှာ ကြာပင်အောက်ရှိ ငါးရံ့သည် ကြာဝတ်ရည် ကိုမစားရ၊ တခြားမှာရှိသောပျားက စားရသည့် အဖြစ်မျိုးကြောင့် ပဒေသရာဇ် စော်ဘွားများကို

မကျေနပ်၍ ဆူပူကြသည်နှင့်လည်း ကြုံရသည်မှာ ယနေ့တိုင် မပြီးနိုင်သေးပေ။ သို့သော် သီတာရေလျဉ်မြစ်သံလွင်က ရှမ်းတိုင်းရင်းသား မျိုးနွယ်စု အားလုံးကို အကျိုးပြုနေမြဲပင်။

သံလွင်နှင့် ထပ်တူကြုံရသော တပ်မတော်သားတို့မေတ္တာ၊ စေတနာကလည်း သီတာရေလျဉ် မြစ်သံလွင်ကဲ့သို့ စီးမြဲစီးလျက်သာ ရှိကြောင်း တွေ့ရပါသည်။ ။

Read 59 times Last modified on Thursday, 24 January 2019 10:40