SJ WorldNews - шаблон joomla Авто

ပြင်ငါးပြင် အသွင်ညှိုးမှာ စိုးလှတယ်လေး

Saturday, 26 January 2019 10:05 font size decrease font size decrease font size increase font size increase font size

ရှမ်းတိုင်းရင်းသားတို့ ရိုးရာ စကားပုံများတွင်  ငွေရှိ သူကြီးကျယ်လျှင်  မကောင်းသော ကံကြမ္မာနှင့် တွေ့ရ တတ်သည် ဆိုစကားကို  မှတ်သားရဖူးသည်။ ငွေရှိလျှင် လူရာဝင် လူချစ်လူခင်ပေါသဖြင့် ငွေသည် မျက်နှာပွင့် ဆေးအဖြစ် လူတိုင်းမက်မောကြသည်။ လူတိုင်း လူတိုင်း နေ့စဉ်နေ့တိုင်း ဝင်ငွေရအောင် ရှာကြဖွေကြရာတွင် ဥပဒေနှင့်အညီ တရားသော နည်းဖြင့်ရှာဖွေသူ၊ ဥပဒေနှင့်မညီသော မတရားနည်းဖြင့် ရှာဖွေသူတို့ အသီးသီး ရှိကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နားမခေါ်ကားကြီးဝင်း အတွင်းရှိ လားရှိုး-ရန်ကုန် သွားယာဉ်လိုင်းများအနီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ခရီးဆောင်အိတ်လေးလုံးဖြင့်ရောက်ရှိလာသူ ခရီးသည်တစ်ဦးအား ခေါ်ယူစစ်ဆေးရာ

ခရီးဆောင်အိတ်များအတွင်းမှWYစာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား  ၄၃ဝဝဝဝ(စုစုပေါင်းခန့်မှန်း တန်ဖိုး ငွေကျပ် သိန်းပေါင်း ၈၆ဝဝဝ ခန့်)ကို ဖမ်းဆီးရမိသည်။ အလားတူ မိုးမိတ်မြို့၏ အနောက်မြောက်ဘက် ၄ မိုင်ခန့်အကွာ၌ ဌာနဆိုင်ရာတာဝန် ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က  မော်တော်ယာဉ်များအားစစ်ဆေးစဉ် ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် မိုးမိတ်မှ မြစ်ဆုံကျေးရွာဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ ဘိန်းဖြူ ၂၂၁ဝ ဂရမ်ခန့်နှင့်WYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (စုစုပေါင်းခ န့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၄၇ဝဝ ကျော်)ဖမ်းဆီးရမိသည်။ ဆက်စပ်သတင်း များအရ ဇန်နဝါရီ ၂ဝ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့က မဘိမ်းမြို့နယ် နမ့်ပုံးပုံးကျေးရွာရှိ နေအိမ် တစ်အိမ်အား သွားရောက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိ ဗီရိုအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဘိန်းမည်း ၂၂၄ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၂ဝဝဝဝ ကျော်)ကို ထပ်မံဖမ်းဆီးရမိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်အနီး၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်းနေစဉ် ဇန်နဝါရီ ၂ဝ ရက် ည ၉ နာရီခွဲခန့်တွင် လိုင်စင်မဲ့အိမ်စီး မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်အတွင်း ဆပ်ပြာခွက်များဖြင့် ထည့်ထားသော ဘိန်းဖြူ ၁၇၉၆ ဂရမ်ခန့်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁၉၆၃ ပြား(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၂ဝဝ ကျော်) ကို ဖမ်းဆီးရမိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ရွှေလီမြစ်သည် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့ကို ဖြတ်သန်း စီးဆင်းရာမှ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သွားသည်။ မိုးမိတ်- မြစ်ဆုံ- မဘိမ်းလမ်းခရီးသည် ကုန်းကြောင်း၊ ရေကြောင်း သွားလာနိုင်သော လမ်းခရီးဖြစ်ပြီး မဘိမ်းမှ တစ်ဆင့် မြောက်ဘက် မံစီ-ဗန်းမော်မြို့နယ်တို့သို့ သွားနိုင်သော လမ်းကြောင်းဖြစ်သည်။

ရွှေလီမြစ်သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းသို့ ရေကြောင်းခရီးသွားလာရန် ဆက်သွယ်ထားသည့်အပြင် စစ်ကိုင်းတိုင်း ဒေသကြီး မြောက်ဘက်ပိုင်းသို့  ဧရာဝတီမြစ်အနောက်ဘက်ကမ်းကို ကူးပြီးသွားနိုင်သည်။ စစ်ကိုင်းတိုင်း ဒေသကြီးမှတစ်ဆင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့သို့   ဆက်သွယ် သွားလာရန်  လွယ်ကူ ကြောင်း တွေ့ရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရွှေလီမြစ်ကဲ့သို့ ရခိုင်ပြည်နယ်ရှိ နတ်မြစ်သည်လည်း ကပ္ပလီ ပင်လယ်သို့ထွက်နိုင်သည့်အပြင် အိမ်နီးချင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို ရေလမ်းခရီးဖြင့် ဆက်သွယ်သွား လာနိုင်သော လမ်းကြောင်းဖြစ်သဖြင့် နတ်မြစ်အတွင်းမှ မူးယစ်ဆေးဝါးသယ်ဆောင်သူများအား ဖမ်းဆီးရမိသော သတင်းများ တွေ့နေရခြင်းဖြစ်သည်။ ၎င်းသတင်းများ အပြင် မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာ၌ မူးယစ် ဆေးဝါး သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂  နာရီ ခွဲခန့်တွင် သွားရောက်ရှာဖွေရာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အိပ်ခန်းအောက်မှ ဆာလာအိတ်ဖြင့် ထုပ်ထား သည့်WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄၈ဝ၅ ပြား(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၃၈ဝဝ ကျော်)ကို သိမ်းဆည်းရမိသဖြင့် ငါးခူရနယ်မြေရဲစခန်းသို့  စနစ်တကျလွှဲပြောင်း အပ်နှံလိုက်ပြီး ဖြစ်သည်။

ငါးခူရရဲစခန်းသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ဖြစ်သော ဗျွှဗ က ဝင်ရောက်တိုက်ခိုက်ခံရသည့် စခန်းဖြစ်သည်။ ထိုနေ့က ကျီးကန်းပြင်နှင့် ကိုးတန်ကောက်ရဲစခန်း တို့ကိုလည်း တစ်ပြိုင်တည်း တိုက်ခိုက်ခံရသည်။ အကြမ်းဖက်မှုဖြစ်စဉ်တွင် အများဆုံးပါဝင်ခဲ့ကြသူများမှာ ကျီးကန်းပြင်၊ ဝက်ဘိတ်၊ ပြောင်ပိုက်၊ ကြက်ရိုးပြင်ဆိုသည့် ရွာလေးရွာမှ ဖြစ်ကြောင်း ထိုအချိန်က သတင်းစာရှင်းလင်း ပွဲ၌ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲကင်း စခန်း ၃ဝ နှင့် တပ်မတော်တပ်ရင်း ဌာနချုပ်ကို အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ (ARSA) က ဝင်ရောက် တိုက်ခိုက်ပြီး နောက်နေ့များတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်သည့် တပ်ဖွဲ့များကို  လူအင် အားဖြင့် ပိတ်ဆို့ တိုက်ခိုက်သည့် နေရာများ၌ ယင်းမကျောင်းတောင်၊ ဘိုကြီးချောင်းနှင့် စဥ့်အိုးပြင်ကျေးရွာ၊ ကိုးတန်ကောက်၊ ချွတ်ပြင်၊ စေတီပြင်ဟူသော ရွာအမည်များ တွေ့ရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ယခုမူးယစ်ဆေးဝါးဖမ်းဆီး ရမိသော ကြက်ရိုးပြင်ကျေးရွာ၊ ကျီးကန်းပြင်၊ စဥ့်အိုးပြင်၊ ချွတ်ပြင်၊ စေတီပြင်ဟူ၍ တွေ့ရပေရာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်လိုစိတ် ကူးစက် ခဲ့ ဖူးသကဲ့သို့ မူးယစ်ဆေးဝါးဘက် တိမ်းညွတ်ကြလေမလား ဟူသော အတွေးဖြင့် မြဝတီက စိုးရိမ်စိတ်ဖြစ် မိ ပါသည်။    

..............

Read 52 times Last modified on Saturday, 26 January 2019 10:15