SJ WorldNews - шаблон joomla Авто

အကျိုးဆောင်သော မိတ်ဆွေကောင်းတို့ လက္ခဏာ

Friday, 05 April 2019 09:32 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၅ ရက်)

ရှေးခေတ်မြန်မာပညာရှိဝန်ကြီးပဒေသရာဇာက နွေဦးကာလမြူထသောအခါ၊ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲ အိုးလွယ်ကာ၊ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်၍၊ တက်သည် နှင့်လေး...အစချီသော တျာချင်းဖြင့်ဆင်းရဲသားထန်းတက်သမားတို့ဘဝကို ရေးဖွဲ့ထားသည်။ ဤအဖွဲ့တွင် မြူမှုန်များထနေသော နွေဦးကာလ နံနက်ခင်းတွင် ထန်းပင်ထန်းလက်များ ရွှန်းရွှန်းမြိုင်သည့်ထန်းတောကြီး အတွင်း၌ ထန်းတက်ကြသူများမှာ ထန်းတက်ရာတွင် အသုံးပြုသော ရင်းထောင်(ထန်းပင်ခြေရင်းမှာထောင်၍ ထန်းပင်ပေါ်တက်ရသော လှေကား)၊ ရင်းဆွဲ (ထန်းပင်အဖျားတွင် အသေချည်တုပ်ထားသော လှေကားအတို)၊ ထန်းရည် ထည့်ရန်မြူအိုးတို့ကို လွယ်၍ ထန်းပင်ပေါ် တက်သည်ကို သရုပ်ဖော်ရေးဖွဲ့ထားသည်။

ဆောင်းဥတုအအေးဓာတ်အကြွင်း အကျန်က နံနက်ခင်းတွင် နေသာထိုင်သာရှိသော်လည်း နွေဥတုအဝင် အပူကို တစ်နေကုန် ခံစားကြရသည်။ အအေးမှအပူသို့ ကူးပြောင်းချိန်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်း ခြင်းတို့ဖြစ် တတ်လေရာ မတ် ၃၁ ရက် ညပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကြွေ ကျခြင်းကြောင့် မတူပီမြို့ ခိုဘွေရပ်ကွက် ငလိုင်ကျေးရွာနှင့် ဖလိုင်ကျေးရွာတို့ရှိ လူနေ အိမ်များ၊ အုပ်ချုပ်မှု အဆောက်အအုံများ၊ ဘုရားရှိခိုးကျောင်းများနှင့် စာသင်ကျောင်း များပြိုကျပျက်စီးခြင်း၊ အမိုးလန် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ လေဘေးသင့်ရပ်ကွက်နှင့်ကျေးရွာများသို့ ဧပြီ ၁ ရက် ညနေပိုင်းတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ် မတူပီတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသွားရောက်၍   ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး အပျက်အစီးများအား ဖယ်ရှား ရှင်းလင်းခြင်း၊ အမိုးများပြန်လည်ပြုပြင်ပေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ချင်းပြည်နယ် မတူပီမြို့နယ် ငလိုင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအားမတ် ၂၈ ရက် နံနက် ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျေးလက်ဆေး ပေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ ဆေးကုသရေးအဖွဲ့က ထိုသို့ဆောင်ရွက် ပေးရာတွင် ဒေသခံပြည်သူ ၁၉၉ ဦးတို့အား မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ ကလေးရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြော ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသ ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ရခိုင်ပြည်နယ် အမ်းမြို့ မြို့သစ်ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက်များရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား မတ် ၂၈ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ကအမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒေသခံတိုင်းရင်းသား ပြည်သူ ၃၅၂ ဦးအား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများကို ဆေးကုသရေး အဖွဲ့က ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ရှစ်ဦးတို့အား အမ်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးဆောင်ရွက်ပေး ခဲ့ကြသည်။

ဆိုရပါလျှင်   ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော် သားများသည် နိုင်ငံတော် လုံခြုံရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ် စောင့်ရှောက်ရေးအတွက်သာမက ရေများရာမိုးမရွာဘဲလိုအပ်သည့် နေရာများတွင် ပါဝင်၍ ပြည်သူတို့ကို သဘာဝဘေး ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တတ်အားသရွေ့ အပြေးအလွှား ပါဝင်ကူညီဆောင်ရွက်နေကြသည်ကို တွေ့နေရသည်။  အခက်အခဲ ဖြစ်နေချိန်တွင် ကူညီပေး သူမှာ မိတ်ဆွေစစ်ပင် မဟုတ်ပါလား။ ပြည်သူ့ ရင်နှစ်ဖြစ်၍ ပြည်သူ့အကျိုးကိုသယ်ပိုးသည်မှာ တပ်မတော်၏ သမိုင်းပေး တာဝန်လည်းဖြစ်ပေသည်။ ထိုထက်ပို၍ တိုင်းပြည် အရေးကြုံလျှင် မားမားမတ်မတ် ရပ်တည်ပေးနေသည်မှာ တပ်မတော်ဟုဆိုလျှင်မှားမည်မထင်။ တပ်မတော်သည်  ပြည်သူနှင့်နိုင်ငံအတွက်  ထာဝရမိတ်ဆွေစစ်ပင်ဖြစ်တော့ သည်။

လောကတွင် စိတ်နှလုံးဖြူစင်စွာဖြင့် မိတ်ဆွေ၏ အကျိုးစီးပွားကို သယ်ပိုး၍အစဉ်စောင့်ရှောက်တတ်သော  မိတ်ဆွေစစ်၊ မိတ်ဆွေကောင်း၊ မိတ်ဆွေမှန်(အနုကမ္ပကမိတ်ဆွေ)နှင့်ပေါင်းဖော်ရသည် ရှိသော် မိမိမှာ လောကီ အကျိုးစီးပွားရရှိနိုင် သည့် အပြင် လောကုတ္တရာ အသိဥာဏ်ပညာ စီးပွားချမ်းသာ တိုးတက်ရရှိမည်ဖြစ်ကြောင်း ပညာရှိသူ တော်ကောင်းတို့ ညွှန်းပြ ထားကြလေရာ တိုင်းရင်းသားပြည်သူတို့ အနေဖြင့် မိတ်ဆွေစစ်နှင့် မိတ်ဆွေတု ခွဲခြားတတ်ရန် အချိန်တန်ပြီဖြစ် ကြောင်း မြဝတီက ထပ်လောင်းဖော်ပြ လိုက်ရပါသည်။ 

 

 

Read 17 times Last modified on Friday, 05 April 2019 09:39