SJ WorldNews - шаблон joomla Авто

ဘဝရပ်တည်ရေးနှင့် ကျန်းမာရေး

Saturday, 11 May 2019 10:38 font size decrease font size decrease font size increase font size increase font size

လူသားတို့ ဘဝရပ်တည်ရှင်သန်ရေးအတွက် အခြေခံ လိုအပ်ချက်သည် ကျန်းမာရေး ဖြစ်သည်။ ကျန်းမာခြင်း အခြေခံ လိုအပ်ချက်နှင့် ပြည့်စုံမှသာ အခြားသော လိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်ရန် စိတ်သွားတိုင်း ကိုယ်ပါနိုင်မည် ဖြစ်သည်။

တိုင်းရင်းသား ပြည်သူအပေါင်းတို့ ဘဝရပ်တည်ရှင်သန်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော ကျန်းမာရေးနှင့် ပြည့်စုံကြစေရန် နိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူတို့ ပူးပေါင်းဖြည့်ဆည်း ပေးနေကြရာ တပ်မတော်ကလည်း တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ဖြည့်ဆည်း ပေးလျက်ရှိသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်း ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူ ၂၉၆ ဦးတို့အား မေ ၈ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာမူလတန်းလွန် ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆေးကုသရေး အဖွဲ့က ဆောင်ရွက်ပေးရာတွင် အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးကုသမှု ခံယူရန် လာရောက်ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သောက်ရေသန့်ဘူးကြီးများ ပေးအပ်လှူဒါန်းကြရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

ထိုနေ့မှာပင် အမ်းမြို့ မြောက်ပိုင်းရပ်ကွက် ဘန်းတောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၅ ဦးတို့အား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူသုံးဦးကို အမ်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဘန်းတောင် ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တမဲကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား မေ ၆ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ တိုင်းရင်းသားပြည်သူ ၁၉၇ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဘုရားနှစ်ဆူကျေးရွာရှိ ဒေသခံပြည်သူ ၁၈၅ ဦးတို့အား မေ ၄ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးကြသည်။ ဆေးကုသရေး အဖွဲ့က ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ဝ ဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည့်အပြင် ဒေသခံ ပြည်သူများအား သွေးတိုးရောဂါအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့သည် ပြည်ခရိုင် ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာရှိ ဒေသခံပြည်သူ ၁ဝ၂ ဦးတို့အား ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကြပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူလေးဦးကို ပြည်မြို့ရှိ တပ်မတော်ဆေးရုံသို့ ကုသမှုခံယူရန် စီစဉ်ပေးခဲ့သည်။

ထို့ကြောင့် ခါးချစ်ဆေးဝါး လူတို့စားလည်း အဖျားမလွတ် ဖြစ်တတ်ကြလေရာ တိုင်းရင်းသားပြည်သူတို့ ဘဝရပ်တည် ရှင်သန်ရေးအတွက် တပ်မတော်က ပါဝင် ဖြည့်ဆည်း ပေးလျက်ရှိသည်ကို မြဝတီက မုဒိတာပွား လိုက်ရပါသည်။ ။

Read 48 times Last modified on Saturday, 11 May 2019 10:39