SJ WorldNews - шаблон joomla Авто

တုပ်ကွေးဖျားနာကင်းဝေးရေး အမှိုက်ကိုရှင်းပေး

Sunday, 02 June 2019 09:30 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဇွန် ၂ ရက်)

အနောက်တောင် မုတ်သုံလေသည် မေ ၂၁ ရက်မှစ၍ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း ဝင်ရောက်ခဲ့ပြီး ဇွန် ၂ ရက်တွင် မြစ်ဝကျွန်းပေါ် ဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေ ၃ဝ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

မိုးဥတုရောက်သည်နှင့် ခြင်ကြောင့်ဖြစ်သော ကူးစက်ရောဂါ အဖြစ်များသဖြင့် ရာသီ တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ရပ်ကွက်နှင့် ကျေးရွာများ အတွင်း ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများ ရှင်းလင်းတူးဖော်ပေးခြင်း၊ လူ နေအိမ်များအတွင်း ကားတာယာ၊ ရေခွက်အစရှိသည့် ရေတင်နိုင်သော အရာဝတ္ထုများ ကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ ကြိုတင်ကာကွယ်ရေး ပညာပေး ဟောပြော ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမတာဝန်ရှိသူများ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်နေကြသည်။

တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး အဖြစ်များသော အခြေအနေမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ် လတို့အတွင်း ရင်ခွင်ပိုက်အရွယ်နှင့် ကလေးသူငယ်များ၊ လူငယ်နှင့် လူလတ်ပိုင်းတို့ ပါဝင်ကြောင်း ကျန်းမာရေး ဌာနများမှ စာရင်းများ၌ ဖော်ပြထားသည်။ တုပ်ကွေးနှင့် သွေးလွန် တုပ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ခြင်များခိုအောင်းပေါက် ပွားတတ်သည့် ရေဝပ်သော နေရာများတွင် မြေဖို့ခြင်း၊ ဘူးခွံ၊ ပုလင်းခွံ စသည့် စွန့်ပစ် ပစ္စည်းများကို ဖယ်ရှားခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို ရပ်ကွက်/ ကျေးရွာများ ၌ဆောင်ရွက်ကြရာတွင် တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် တပ်မတော် သားများက လည်း အခြေခံပညာ ကျောင်းများ၌ ဆောင်ရွက်ပေးကြသည်။ ထိုသို့ ဆောင်ရွက်ပေး ကြရာ၌ မေ ၃ဝ ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား များက ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သိမ်ဇရပ်မြို့ အခြေခံပညာ အလယ်တန်းကျောင်း(နဝရတ်)နှင့် မြိုင်ကလေးမြို့ အမှတ်(၂ဝ၅) အခြေ ခံပညာမူလတန်း ကျောင်းတို့တွင် ဆောင်ရွက်ပေးကြသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများသည် တွံတေးမြို့နယ် ရန်ကြီးအောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ မေ ၃ဝ ရက်တွင် လည်းကောင်း၊ အလားတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ သည် မြောင်းမြမြို့နယ် ရှမ်းစုကျေးရွာရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်း ကျောင်း၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား များသည် သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား များသည် ရွှေကျင်မြို့ ပန်ဘတန်းရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)၌ လည်းကောင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများသည် မေ ၂၉ ရက် တွင် မိုင်းရှူးမြို့ မိုင်းအော့ ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌လည်း ကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများသည် မိုင်းဖြတ် မြို့နယ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာ အုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း (ဝမ်အွယ်)၊ မိုင်းခတ်မြို့နယ်ရှိ အခြေခံ ပညာအထက်တန်း ကျောင်း(မိုင်းခတ်)၌လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် မှ နယ်မြေခံ တပ်မတော်သားများသည် ကရင်ပြည်နယ် မြိုင်ကလေးမြို့ အမှတ်(၂ဝ၄) အခြေခံပညာ မူလတန်းကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၅)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများသည် ဖျာပုံမြို့ အမှတ်(၁) အခြေခံ ပညာမူလတန်း ကျောင်း၌လည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများသည် အမ်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများသည် ခန္တီးမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နားမေတ္တာ၌လည်းကောင်း စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထို့ကြောင့် မိုးဥတုတွင် အဖြစ်များသော တုပ်ကွေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လူတစ်ဦးချင်း ဆောင်ရွက်နိုင်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်ကို မပျက်မကွက် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ မြို့လမ်း ကျောင်းဈေး သန့်ရှင်းရေးကို လည်း စုပေါင်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရ ပါသည်။ ။

Read 23 times Last modified on Sunday, 02 June 2019 09:31