SJ WorldNews - шаблон joomla Авто

အောင်သပြေပန်းတွေက လန်းလျက်သာနေ

Thursday, 20 June 2019 10:11 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်၏ လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူတို့နှင့် အတူ စွန့်လွှတ်စွန့်စား ရယူပေးခဲ့သည့် သမိုင်းအစဉ်အလာ ရှိသော တပ်မတော်သည် လွတ်လပ်ရေး ရပြီးချိန်တွင်လည်း လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်လျက် ရှိသည်။ ယခုရက်ပိုင်း သတင်းစာများ၌ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အတွက် အသက်နှင့်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် တပ်မတော်သားများအား တပ်မတော် မိသားစုဝင်များနှင့် ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် နွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို နေကြသည့် သတင်းနှင့် သတင်းဓာတ်ပုံများကို မြင်တွေ့ရသည်။

မြန်မာတို့သည် သပြေရွက်နုလေးများကို ပန်းအဖြစ်  မြတ်နိုးတန်ဖိုးထားကြပြီး အောင်သပြေဖြင့် တောင်းဆုတွေခြွေကြသည်။ ကမ္ဘာ့အနောက်ဘက်ခြမ်းမှ ပြည်သူများက သံလွင်ခက်ကို အမြတ်တနိုး ထားကြသည်မှာလည်း  နေရာဒေသ အလိုက် ထူးခြားမှုဖြစ်သည်။ သတင်းဓာတ်ပုံ၌ တွေ့ရသော အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ်ကို ၁၉၆၇ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့သည့်ပထမဦးဆုံးတပ်မမှူးမှာ အငြိမ်းစား ဗိုလ်မှူးချုပ်သန်းတင်ဖြစ်သည်။

မြဝတီနေ့စဉ်ရောင်စုံ သတင်းစာတွင် အခန်းဆက် ဖော်ပြခဲ့ဖူးသည့် ''စစ်ဆင်ရေးပြီး စစ်ဆင်ရေး'' အမည်ပေးထားသော ဖြစ်ရပ်မှန် ကိုယ်တွေ့ဝတ္ထု ဇာတ်ကြောင်းကို ရေးသားသူမှာ အငြိမ်းစား ဗိုလ်မှူးချုပ်သန်းတင်ဖြစ်သည်။ မြန်မာနိုင်ငံ ခေတ်သစ်သမိုင်းတွင် နိုင်ငံတော် တော်လှန်ရေး ကောင်စီအစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရန် တောတွင်း လက်နက်ကိုင် အဖွဲ့များအား ၁၉၆၃ ခုနှစ်တွင် ဖိတ်ခေါ်စဉ် ရောက်လာကြသူများက မဖြစ်သင့် မဖြစ်နိုင်သည်များကို တောင်းဆိုကြသဖြင့် ဆွေးနွေးပွဲပျက်သွားသည်။ ထိုကာလနောက်ပိုင်း မြေပေါ်မြေအောက် အဆက်အသွယ်ရယူ အမြတ်ထုတ်သွားသော ဗကပတို့သည် ပြည်ပနှင့်ပါ ဆက်သွယ်ရေး စက်ဖြင့် အဆက်အသွယ် ရသွားကြပြီး ပဲခူးရိုးမဝန်းကျင်ကို စိုးမိုးနိုင်ရန် အားထုတ်လာကြရာတွင် လွတ်လပ်ရေးရစက ချမှတ်ထားသည့် မန္တလေး-မိတ္ထီလာ-မြင်းခြံ ဟူသော ''မ''သုံးလုံးနယ်မြေ စိုးမိုးရေးအထိ ချဲ့ထွင်မည့် အစီအစဉ် ပါဝင်ကြောင်း သိရသည်။

အင်အားကြီးထွားရေးနှင့်   နယ်မြေစိုးမိုးရေး ချဲ့ထွင်ရန် ကြိုးပမ်းလာကြသော သောင်းကျန်းသူများအား နှိမ်နင်းရန် တပ်မတော်အနေဖြင့် ၁၉၆၆ ခုနှစ်တွင် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်ကို စတင်ဖွဲ့စည်းပြီး ဗိုလ်မှူးကြီးတင့်ဆွေကို ပထမဦးဆုံးသော တပ်မမှူး တာဝန်ပေးအပ်လိုက်သည်။ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်များသည် ပဲခူးရိုးမနှင့် ဆက်စပ်ဒေသများရှိ သောင်းကျန်းသူများကို ဦးတည်ရှင်းလင်းကြရသည်။ တစ်ဖန် မြစ်ဝကျွန်းပေါ်ဒေသ(ယခု ဧရာဝတီတိုင်းဒေသကြီး)၌ ဗကပတို့၏ မြစ်ဖျားတိုင်းမှ အကြွင်းအကျန် အင်အားစုအနည်းငယ်နှင့် ကွက်ကော့၊ ဂါးမင်း၊ ချစ်လေးမောင်၊ သန်းရှိန်တို့က တစ်တောတစ်ဖ တွန်နေကြသည်ကို အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ နယ်မြေခံတပ်များနှင့် တပ်မတော်(ရေ)တို့ ပူးပေါင်း၍ သိလ္လာ၊ မိုးဟိန်း၊ ရွှေလင်းယုန် စစ်ဆင်ရေးများဖြင့် နှိမ်နင်းကြရသည်။ နောက်ပိုင်းတွင် ဟိုတစ်အိမ်၊ သည်တစ်အိမ်ဖြင့်  မိမိတို့လယ်ယာမြေ၌သာ နေထိုင်ကြသော  ဒေသခံပြည်သူများအား စုစည်းကျေးရွာအဖြစ် တည်ထောင်စေပြီး  သောင်းကျန်းမှု နှိမ်နင်းရေးအတွက်  တပ်မတော်နှင့် ပူးပေါင်းပါဝင်သော ပြည်သူ့စစ်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသကို အချိန်တိုအတွင်း၌ အဖြူရောင်နယ်မြေ သတ်မှတ်နိုင်ခဲ့သည်။ ရေလမ်းကိုသာ အားထားရသော မြစ်ဝကျွန်းပေါ်ဒေသ၌ ၁၉၈၈ ခုနှစ်နောက်ပိုင်း တည်ဆောက်ခဲ့သော လမ်း၊ တံတားများမှာ ထိုအချိန် က အိပ်မက်ပင် မမက်ခဲ့ဘူးကြောင်း ယနေ့ဒေသခံများ ပြောသံကြားရသည်။

ဗကပတို့က သံလွင်အရှေ့ခြမ်း စိုးမိုးရေးအစီအမံကို အရှိန်အဟုန်မြှင့်လာချိန်တွင် အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်(တောင်ပိုင်း)တို့တွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ကြရသည်။ တောကို အခြေခံ၍ မြို့ကိုဝိုင်းရမည်။ သပိတ်စုံသူပုန်ထ၊ ဒီမိုကရေစီချက်ချင်းပေး၊ ရရမရရချဟူသော ဗကပတို့၏ မရိုးနိုင်သည့်ကြွေးကြော်သံများ လွှမ်းမိုးသည့်ကာလ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃၊ ၂၄ ရက်များတွင် မိုင်းယန်းဒေသ၌ ဗကပတို့ နိဂုံးချုပ်သွားသည့် တိုက်ပွဲကြီးကို အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်းများမှ တပ်မတော်သားတို့က နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် ထားရှိသော သစ္စာတရားဖြင့် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ကြသောကြောင့် အောင်ပွဲရခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ခေတ်အဆက်ဆက် နိုင်ငံနှင့်ပြည်သူတို့၏ ရန်စွယ်အသွယ်သွယ်ကို တွန်းလှန်ဖယ်ရှားကြသည့် ရဲဝံ့စွန့်စားရှေ့တန်းပြန် တပ်မတော်သား အပေါင်းတို့အား မြဝတီက အောင်သပြေပန်းနှင့် လက်ကမ်းကြိုဆို ဂုဏ်ပြုအပ်ပါသည်။  

Read 30 times