SJ WorldNews - шаблон joomla Авто

လုံခြုံစိတ်ချသတင်းပေးကြ

Saturday, 29 June 2019 09:23 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဇွန် ၂၉ ရက်)

(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် မိန့်ခွန်းပြောကြား သည်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်ကမိန့်ခွန်းပြောကြားရာ၌ ''မူးယစ်ဆေးဝါး အထူး သတင်း တိုင်ကြားရေးဌာနကို ၂ဝ၁၈ ခုနှစ် ဇွန် ၂၂ ရက်နေ့မှာ စတင် ဖွဲ့စည်းထားရှိပြီး ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာ သတင်း အချက်အလက်များကို စနစ်တကျ စိစစ်လက်ခံပြီး ဖမ်းဆီးလျက်ရှိ ရာမှာ အတန်အသင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော်လည်း ပမာ ဏကြီးမားတဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှု သတင်းတွေ ရရှိမှုအားနည်းနေတဲ့အတွက် လုံခြုံစိတ်ချစွာ သတင်းပေး တိုင်ကြားဖို့လည်း တိုက်တွန်းလိုပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ မှုခင်းတွေ ဖြစ်ပွားမှုများပြားတဲ့ နယ်မြေအလိုက် အထူးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာမှာ ဒီနေ့အထိ အထူးစစ်ဆင်ရေး ၂၅ ခု ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဘိန်းဖြူ အပါအဝင် အခြားမူးယစ်ဆေးဝါး အမြောက်အမြားလည်း ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါတယ်''ဟူ၍ ထည့်သွင်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု အနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ဟက်တာ ၄၁ဝဝဝ၊ ၂ဝ၁၈ ခုနှစ်တွင် ဟက်တာ ၃၇၃ဝဝ စိုက်ပျိုးပြီး ဘိန်းထုတ်လုပ်မှုမှာ ၂ဝ၁၇ ခုနှစ်တွင် မက်ထရစ်တန် ၅၅ဝ၊ ၂ဝ၁၈ ခုနှစ်တွင် မက်ထရစ်တန် ၅၂ဝ အသီးသီးရှိသဖြင့် ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှု ၅ ဒသမ ၄၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရသည်။ ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန၏ ၂ဝ၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံ၌ မူးယစ်ဆေး အကြောတွင်းထိုးသွင်းသူ ၉၃ဝဝဝ ဦးခန့်ရှိကြောင်း ခန့်မှန်းထားပြီး မူးယစ် ဆေးဝါးနှင့် ဆက်နွှယ်သော HIV ရောဂါ၊ အသည်းရောင် အသားဝါရောဂါနှင့်  တီဘီရောဂါကူးစက်မှုများ မြင့်တက်လာကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှု လျော့နည်းလာသော်လည်း ဓာတုပစ္စည်း အခြေခံ ထုတ်လုပ်သော မူးယစ်ဆေးဝါးများ ထုတ်လုပ်ရောင်းဝယ် ဖောက် ကားမှုနှင့် သုံးစွဲမှုများ လူငယ်ထုအတွင်း မြင့်တက်လျက်ရှိခြင်းသည် တရား ဥပဒေ စိုးမိုးရေးအတွက် အနှောင့်အယှက်ပေးနေသကဲ့သို့ မျိုးဆက်သစ် လူငယ်များ၏ စာရိတ္တမဏ္ဍိုင်နှင့် ပင်ကိုအရည်အသွေးတို့    ဆုတ်ယုတ်စေ သော အကြောင်းတရားဖြစ်သဖြင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာ ကွယ်ရေးနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်ကြရမည် ဖြစ်သည်။ သို့မှသာ ပမာဏကြီးမားသော ထုတ်လုပ် မှု၊ ရောင်းဝယ်မှုနှင့် ဖြန့်ဖြူးမှုတို့ကို ထိထိရောက်ရောက် ဖော်ထုတ်တားဆီး ကာကွယ်နိုင်မည်ဖြစ်ပြီး မူးယစ်ကင်းစင်သော ဝန်းကျင်နှင့် မူးယစ်ကင်းစင် သောဒေသတို့ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် အခမ်းအနားများကို  နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကျင်းပသကဲ့သို့ မိုင်းလား အထူးဒေသ၊ ''ဝ''အထူးဒေသနှင့်ြု့။ြုဗ-ဏဃ ဌာနချုပ်တို့တွင် လည်း မေ ၂၆ ရက်တွင် တစ်ပြိုင်တည်း ကျင်းပ၍ ဖမ်းဆီးရမိသော မူးယစ် ဆေးဝါးများအား မီးရှို့ဖျက်ဆီး ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့နှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့တွင် ဖမ်းဆီးရမိပြီး တရား ရုံးပြီးပြတ်ချက်ရရှိပြီး ဖြစ်သည့်အမှု ၃၉၇၅ မှုမှ ငွေကျပ်သန်းပေါင်း ၁၆၃ဝ၂၂ ဒသမ ၄၂ဝ၆ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကုန်တင်ယာဉ် ရပ်နားစခန်း၌ ဇွန် ၂၆ ရက်က မီးရှို့ ဖျက်ဆီးသည်။ ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမှုပေါင်း ၁၁၄၁ မှုမှ ပြစ်မှုကျူးလွန်သူ ၁၇၅၄ ဦးရှိသည်။ မီးရှို့ဖျက်ဆီး သည့် တန်ဖိုးမှာ ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရှိပြီး ယခု နှစ်တွင် ၁ဝ၈ သန်းကျော်ရှိသဖြင့် ၄၂ သန်းကျော် ပိုကြောင်း တွေ့ရသည်။

ထို့ကြောင့် တိုင်းရင်းသား ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ဖန်တီးရုံမျှမက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ပုံရိပ်ကိုပါထိခိုက်စေနိုင်သော မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ် ရေးနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ကြပါရန် မြဝတီက တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။   

Read 55 times Last modified on Saturday, 29 June 2019 09:36