SJ WorldNews - шаблон joomla Авто

ကျန်းမာခြင်း သုခအတွက် ဘေသဇ္ဇဒါန

Sunday, 30 June 2019 18:09 font size decrease font size decrease font size increase font size increase font size

လူ၏ အဖြစ်ကိုရခဲ၏။ သတ္တဝါတို့၏ အသက်ရှည်ရခြင်းသည် ရခဲ၏။ သူတော်ကောင်းတရား ကို ရခဲ၏။ ဘုရားအဖြစ်ကို ရခဲ၏။ ဘုရားပွင့်ရာ ကာလကို ကြုံရခဲ၏ဟူ၍ ဓမ္မပဒပါဠိတော် ပုဒ်ရေ ၈၂ ၌ ဖော်ပြထားသည်။ မျက်မှောက်ကာလ၌ ရခဲသော လူ့ဘဝကို ရချိန်၌ အသက် ရှည်ရာ အနာမဲ့ကြောင်း ကြိုးစား၍ ဘုရားသာသနာနှင့် ကြုံခိုက်တွင် လူဖြစ်ရကျိုး နပ်အောင် ကိုယ်တိုင် အားထုတ်ရင်း သူတစ်ပါးတို့အား တရားရေအေး တိုက်ကျွေးကြသော သူတော် ကောင်းများ ရှိကြသည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားသော မြန်မာနိုင်ငံ၌ သံဃာတော် အရှင်သူမြတ်များ နှင့် လူမျိုး၊ ဘာသာ မရွေး ပြည်သူတို့အား တပ်မတော်က ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ကမ္ဘာအေး ကုန်းမြေ၌ သီတင်းသုံး နေကြသည့် နိုင်ငံတော် သံဃမဟာ နာ ယက အဖွဲ့မှ ဆရာတော်ကြီးများ၊ ဝိနည်းဓိုရ် ဆရာတော်များ၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ စာချစာသင် သံဃာတော်များ၊ စာစစ်ဆရာတော်များ နှင့် သာသနာရေး ဦးစီး ဌာနမှ သာသနာရေး ဝန်ထမ်းများကို ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် အဆိုပါ ကမ္ဘာအေး ကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင် ခန်းမ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ ဆောင်ရွက် ပေးရာတွင် သံဃာတော် ၂ဝ၂ ပါးနှင့် သာသနာရေး ဝန်ထမ်း ၁ဝ၅ ဦး တို့ အား သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာ ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆေးကုသရေး အဖွဲ့က ဆောင်ရွက် ပေးကြသည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး အတွက် ရဟန်းသံဃာတော် အရှင်သူ မြတ်များ နှင့် လူပုဂ္ဂိုလ်တို့ အားထုတ် ကြရာတွင် သံဂါယနာတင် ပွဲခြောက်ကြိမ်ကျင်းပ ခဲ့ကြ သည်။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး သုံးလနှင့် လေးရက်အကြာတွင် အရှင်မဟာ ကဿပ ဦးဆောင်သော ရဟန္တာမထေရ် ၅ဝဝ တို့သည် ဂေါတမမြတ်စွာ ဘုရား ၄၅ ဝါပတ်လုံး ဟောကြားတော် မူခဲ့သော တရားတော်များကို ရာဇဂြိုဟ်မြို့၌ စနစ်တကျ စုစည်း အတည်ပြု ခဲ့ကြသည်။ သာသနာနှစ် ၁ဝဝ တွင် ဝေသာလီမြို့၌ အရှင်ယသ ဦးဆောင် သော ရဟန္တာ မထေရ် ၇ဝဝ တို့သည် အဓမ္မဝတ္ထု ၁ဝ ပါးကို သုတ်သင် ရှင်းလင်းကာ ဒုတိယသံဂါယနာ တင်ခဲ့ ကြသည်။ သာသနာနှစ် ၂၃၅ တွင် ပါဋလိပုတ်မြို့၌ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ ဦး ဆောင်သော ရဟန္တာမထေရ် အပါး ၁ဝဝဝ တို့သည် အဓမ္မဝါဒများကို စိစစ်သုတ်သင်၍ တတိ ယ သံဂါယနာ တင်ခဲ့ကြသည်။ သာသနာနှစ် ၄၅ဝ တွင်သီဟိုဠ် ကျွန်း (ယခုသီရိလင်္ကာ) မလယဇနပုဒ်၌ အရှင်မဟာဓမ္မ ရက္ခိတ ဦးဆောင်သော မထေရ် ၅ဝဝ တို့သည် ပေထက် အ က္ခရာ တင်ကာ စတုတ္ထသံဂါယနာ တင်ခဲ့ ကြသည်။

သာသနာနှစ် ၂၄၁၅ တွင် မြန်မာနိုင်ငံ မန္တလေးမြို့၌ အရှင်ဇာဂရာဘိဝံသ ဦးဆောင်သော မ ထေရ် ၂၄ဝဝ တို့သည် ကျောက်ထက် အက္ခရာ တင်ကာ ပဉ္စမသံဂါယနာ တင်ခဲ့ကြသည်။ သာ သနာနှစ် ၂၄၉၈ တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အရှင်ရေဝတ ဦးဆောင်သော မထေရ် ၂၅ဝဝ တို့သည် ပုံနှိပ်စာအုပ် မူသန့်များ ဖြစ်အောင် သုတ်သင်တည်းဖြတ်၍ ဆဋ္ဌသံ ဂါယနာတင်ခဲ့ကြ သည်။

မန္တလေးမြို့၌ မင်းတုန်းမင်း တရားကြီး လက်ထက်က ပဉ္စမသံဂါယနာတင် တော်မူပြီး အဘိ ဓမ္မာ၊ ဝိနည်း၊ သုတ္တန်ဒေသနာတော် တည်းဟူသော ပိဋကတ် သုံးပုံကို ကျောက်ထက် အက္ခရာ တင်ထား သည်မှာ ကျောက်စာချပ်ရေ စုစုပေါင်း ၇၂၉ ချပ် ရှိသဖြင့် ကမ္ဘာ့အကြီးဆုံး စာအုပ်ဟု ခေါ်ကြ သည်။ ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသံဂါယနာတင်ပြီး ပိဋကတ် သုံးပုံကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ လိုက်ခြင်းကြောင့် ပါဠိဘာသာ တတ်ကျွမ်းသော ပုဂ္ဂိုလ် များ၊ ပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားသော စာအုပ်များအား မြန်မာစာတတ်ကျွမ်း သော ပုဂ္ဂိုလ်များနှင့် မြန်မာစာမှ အခြားစာပေသို့ ပြန်ဆိုရေးသားသော စာအုပ်များကြောင့် နိုင်ငံခြားသားများ အတွက် ဗုဒ္ဓစာပေများကို ဖတ်ရှုလေ့လာနိုင်ခြင်း စသည့် ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကား ပြန့်ပွားရေး အထောက်အကူ ဖြစ်လျက် ရှိသည်။

သာသနာ့ဝန်ကို ဆောင်တော်မူကြ ကုန်သော သံဃာတော် အရှင်သူမြတ်များ နှင့် လူပုဂ္ဂိုလ်တို့ အား ဘေသဇ္ဇဒါန(ဆေးအလှူ) ပြုခြင်းကြောင့် အသက်ရှည်ခြင်း၊ ခွန်အားကြီးခြင်း၊ အဆင်းလှ ခြင်း၊ အခြံအရံ များခြင်း၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်း၊ဘေးအန္တရာယ် မရှိခြင်း၊ စိုးရိမ် ကြောင့်ကြမရှိခြင်း၊ သူတစ်ပါးတို့က ရိုသေခြင်း၊ ချစ်သောသူနှင့် မကွေကွင်းရခြင်း တည်းဟူသော ဆေးလှူသည့်အကျိုး ၁ဝ ပါး ရကြပါစေကြောင်း မြဝတီက ဆုတောင်း ပတ္ထနာ ပြုအပ် ပါသည်။ ။

Read 37 times Last modified on Sunday, 30 June 2019 18:10