SJ WorldNews - шаблон joomla Авто

စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ ဖြိုးရေး

Sunday, 07 July 2019 15:52 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလျက်ရှိရာ ကုန် သွယ်ရေး လမ်းကြောင်းအဖြစ် ပင်လယ်ရေကြောင်းကို အများဆုံး အသုံးပြုလျက်ရှိပြီး အိမ်နီး ချင်းနိုင်ငံများ နှင့်ကုန်သွယ်ရေးမှာ ပင်လယ်ရေကြောင်း အပြင် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများဖြင့် ကုန်သွယ်ရေးကိုပါ ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံမှ အိမ်နီးချင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့သည့် ကုန်များမှာ စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သည့် ဆန်၊ ပြောင်း၊ မြေပဲ၊ နှမ်းနှင့် ရာသီအလိုက် ပေါ်ထွန်းသော စားသုံးသီးနှံများနှင့် ရေထွက် ကုန်ပစ္စည်းများ ပါဝင်သည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံ အမတ်ကြီးတို့ တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးတက်မှုအတွက် ပူးပေါင်း ဆောင် ရွက်ရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သော ပြောင်းကို အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တင်ပို့လျက် ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက် နမ်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့အတွက် ရေကြောင်းလမ်းမှ တင်ပို့ပေး သည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုမှာ ပစ္စည်းအရည်အသွေး အလိုက် ဈေး ကောင်း ပေးဝယ်သော ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ပေးနေပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ တင်ပို့မှု လျော့နည်းသွားကြောင်း သိရသည်။ ယခင်နှစ် မြန်မာ့ပြောင်းဆန် တစ်ပိဿာလျှင် ၇ဝဝ ကျပ်ဖြင့် ရောင်းရသော်လည်း ယခုနှစ် ဇွန်လတွင် ၅ဝဝ ကျပ်သာ ရရှိကြောင်း မြန်မာ နိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ အပူပိုင်းဇုန်အတွင်း မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြောင်းဖူး စိုက်ခင်းများ၌ ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးမှုကို ကာကွယ်ရန် ဇွန် ၃ဝရက်တွင် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်း၍ တောင်သူများအား ပညာပေး ဆွေး နွေးခြင်း၊ စိုက်ခင်းများအတွင်း ပိုးမွှားကျရောက်မှု အခြေအနေ ကင်းထောက်စစ်ဆေး နိုင်ရန် ဖီရိုမုန်းထောင်ခြောက်(Pheromone Trap) တပ်ဆင် ဆောင်ရွက် ပေးကြသည်။ ရှမ်းပြည် နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်အတွင်းရှိ မိုင်းဖြတ်မြို့(ကွက်သစ်)၌ စိုက်ပျိုး ထား သော တစ်လသား အရွယ် အမြင့် ၁ ပေရှိ အစေ့ထုတ်ပြောင်း ၃ ဒသမ ၅ ဧက စိုက်ခင်း၌ ဇွန် ၂၁ ရက်တွင် ငမြှောင်တောင်ပိုး ကျရောက်မှု ကာကွယ်နှိမ်နင်းရေး အတွက် ဆောင်ရွက်ကြရာ တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ ပူးပေါင်း၍ ဥမြုံနှင့် လောက် ကောင်များကို ရှာဖွေ ဖျက်ဆီး ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများ၌ အစေ့ ထုတ်ပြောင်း စိုက်ဧက တစ်သောင်းကျော် စိုက်ပျိုးထားရာ တပ်ကုန်း ကျေးရွာရှိ ပြောင်း စိုက်ခင်း တစ်ဧက၌ ငမြှောင်တောင်ပိုး ကျရောက်သဖြင့် ဇွန် ၁၈ ရက် ညနေပိုင်းတွင် ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ ပြောင်းပင်၏ အရွက်အတွင်း ရောက်သည် အထိ ယူနီဆိုက်ပါဖို့စ်ဆေးဖျန်း နှိမ်နင်းပေးကြပြီး အခြားစိုက်ခင်းများသို့ ဆက်လက် မဖြစ်ပွား စေရန် တောင်သူများအား ပညာပေး ဟောပြောကြသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင် မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့တွင် စစ် တောင်းမြစ်ရေ တင်စနစ်ဖြင့် ပြောင်းစိုက်ပျိုးကြသည်။ ပြောင်းစိုက်ပျိုးကြသည့် တောင်သူ များသည် ထယ်ရေး ပြုပြင်ခြင်း၊ ရေသွင်းခြင်း၊ မျိုးစေ့ဝယ်ယူခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ အတွက် ကုန်ကျစရိတ်များ ရှိကြသည်။ ယခုနှစ်နွေတွင် စိုက်ပျိုးသော ပြောင်းခင်းများမှာ အပူချိန် မြင့်မားသည့် ဒဏ်ကြောင့် မြစ်ရေကိုစက်နှင့် တင်၍ စိုက်ခင်းအတွင်း လွှတ်ပေးသည့် တိုင်အောင် အလျဉ်မမီ ဖြစ်ကြရသည်။ ယခုရိတ်သိမ်းချိန်တွင် ပြောင်းဖူးများအား အပြင်မှာ ကြည့်ပါက စိမ်းနေသော်လည်း အဆန်ကျဲနေသော ပြောင်းဖူး အတွေ့ရများပြီး အချို့မှာ အဆန် လေးစေ့၊ ငါးစေ့သာ ပါသဖြင့် လွှင့်ပစ် လိုက်ရကြောင်း တောင်ငူမြို့ရှိ အဝယ်ဒိုင်များ ထံမှ ကြားသိ ရသည်။ ပြောင်းစိုက်ပျိုးသော တောင်သူများ အနေဖြင့်လည်း တစ်ဧကအတွက် စုစုပေါင်း ကုန်ကျစရိတ် လေးသိန်းဝန်းကျင် အထိရှိသော်လည်း ဈေးကွက်သို့ ပြောင်းဖူးများ တင်ပို့ ရောင်းချသောအခါ ကုန်ကျစရိတ်၏ တစ်ဝက်ပင် ပြန်လည်မရရှိနိုင်သဖြင့် အရှုံးပေါ် နေကြသည်။

ထို့ကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး တို့အတွက် စိုက်ပျိုးရေး ကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် သဘာဝ အရင်းအမြစ်များကို အသုံးချရသည့် အပြင် သီးနှံများဖြစ်ထွန်း အောင်မြင်ရေးအတွက် ခေတ်မီစက်ကိရိယာနှင့် သွင်းအားစုများ ကို လည်း ထည့်သွင်း သုံးစွဲနေကြရသဖြင့် ထုတ်လုပ်မှုစရိတ် မြင့်မားကြောင်း တွေ့ရသည်။ ထုတ် လုပ်မှုစရိတ် မြင့်မားခြင်းသည် တောင်သူများတွက် ခြေမကိုက်သလို စားသုံးသူများအတွက် လည်း အခက်ပွေရသည် ဖြစ်ရာ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပျား လည်းစွဲသာ ရှဥ့်လည်း လျှောက်သာသော နည်းလမ်း ရှာကြံကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

Read 38 times Last modified on Sunday, 07 July 2019 16:35