SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သက်ကြီး ရွယ်အိုတို့ ဘဝ မညှိုးနွမ်းစေရေး ဝိုင်းကူပေး

Sunday, 01 October 2017 07:03 font size decrease font size decrease font size increase font size increase font size

၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁ ရက် ယနေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ''သက်ကြီးသူတို့ စွမ်းဆောင်အား၊ ရပ်ရွာအတွင်းအလေးထား၊ အနာဂတ် အတွက်ခြေလှမ်းများ'' ဆောင်ပုဒ်နှင့်အညီ ကျင်းပကြသည်။

သက်ကြီးရွယ်အိုဆိုသော ဝေါဟာရသည် အသက်ကြီးခြင်းနှင့် အရွယ်ပိုင်းဆိုင်ရာ အိုမင်းလာခြင်းကို ခေါ်သော ဝေါဟာရဖြစ်သည်။ ဆေးပညာရှုထောင့်မှ ကြည့်လျှင် အသက် ၆ဝ အထက်ရှိသူကို အသက်ကြီးသူအဖြစ် သတ်မှတ်ထား ပြီး ဇရာသဘောအရ အသက် ၆ဝ နှင့် ၆၅ နှစ်အထက်တွင် အိုမင်ြး ခင်းအစပြုသည်ဟု ဆိုထားသည်။ လူတို့၏သက် တမ်းကြီးရင့်လာသည်နှင့်အမျှ အသက် ၆ဝ ကျော်လျှင် အားအင်ဆုတ်ယုတ်လာခြင်း၊ ခန္ဓာကိုယ်လေးလံ ထိုင်းမှိုင်းလာ ခြင်း၊ ကိုယ်လက်နှင့် ခါးများကိုင်းညွတ်လာခြင်း၊ သတိမေ့လျော့ တွေဝေငေးမောခြင်းတို့ ဖြစ်တတ်သည်။ ကာယအား နှင့်ဥာဏအား များ အစွမ်းမရှိတော့သော အရွယ်မျိုး၌ အမှီအခိုကင်းကင်းဖြင့် မိမိဘဝကို ထူထောင်နိုင်စွမ်း မရှိတော့သည့် အသက်ရလာသူမျိုးကို သက်ကြီးရွယ်အိုဟု သတ်မှတ်ကြသည်။

ကမ္ဘာတစ်ဝန်း သက်ကြီးရွယ်အို အခြေအနေမှာ ၁၉၅ဝ ပြည့်နှစ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဦးရေ ၁၂၅ သန်းရှိခြင်းသည် ထိုအချိန်က လူဦးရေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ၂ဝဝ၆ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်း၌ အသက် ၆ဝ နှစ်နှင့်အထက်လူဦးရေသည် သန်း ၅ဝဝ သာရှိသော်လည်း နောင်လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် သန်း ၂ဝဝဝ အထိရှိလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။ နောင်လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင်ရှိ မည့်ကမ္ဘာ့လူဦးရေ စုစုပေါင်းသည် ၈ ဘီလီယံမှ ၁ဝ ဒသမ ၅ ဘီလီယံကြားရှိနိုင်သည်ဟု လူဦးရေ ပညာရှင်များက ခန့်မှန်းထားကြ သည်။ ထို့ကြောင့် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသည် အသက် ၆ဝ နှစ်နှင့်အထက်ရှိသော လူဦးရေ ဖြစ်လာနိုင်ဖွယ်ရှိသည်။

မြန်မာနိုင်ငံ၌ရှိသော အသက် ၆ဝ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင် နှုန်းရှိသည်။ ၂ဝ၁၄ ခုနှစ်ကကောက်ယူခဲ့သော အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းအရ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတို့တွင် နေထိုင်ကြသော လူဦးရေ ၅၁ ဒသမ ၄၈၆ သန်းရှိသည့်အနက် အသက် ၆ဝ နှစ်နှင့်အ ထက် သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းရှိကြရာ သက်ကြီးရွယ်အို စုစုပေါင်း၏ သုည ဒသမ ဝ၄ ရာခိုင်နှုန်းသည် အသက် ၁ဝဝ ကျော်ဘိုးဘွားများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရေး ရိပ်သာများ နှင့် နေ့အချိန် ပိုင်း စောင့်ရှောက်ရေး အစီအစဉ်များကို လက်တွေ့ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးသည့်အပြင် စေတနာရှင် ပြည်သူများကလည်း လှူဒါန်း ထောက်ပံ့ပေးကြသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနက အသိအမှတ်ပြု ထားသော ဘိုးဘွားရိပ်သာများကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ သတ်မှတ်ထားပြီး နိုင်ငံတော် အစိုးရက နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီး၌ နေထိုင်ကြသော အသက် ၁ဝဝ နှစ်နှင့်အ ထက်ဘိုးဘွားများ၊ အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများကိုလည်း လူမှုရေးပင်စင် လစဉ် ထောက်ပံ့ပေးလျက်ရှိသည်။ နှစ်စဉ်လူဦးရေတိုးနှုန်းနှင့် သက်ကြီးရွယ်အို တိုးနှုန်းတို့သည် နိုင်ငံအတွက် အလုပ်လုပ် နိုင်သော လူဦးရေ အချိုးအစားနှင့် တိုက်ရိုက်သက်ဆိုင်လျက် ရှိခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အ ကောင်အထည်ဖော်ရာတွင် အရေးပါသော အချက်များဖြစ်သည်။

သက်ကြီးရွယ်အိုများ အငြိမ်းစားယူရမည့် အသက်သတ်မှတ်ချက်သည် နိုင်ငံအခြေအနေအလိုက် ကွဲပြားမှုရှိကြသည်။ မြန်မာနိုင်ငံမှ နိုင်ငံ့ဝန်ထမ်းများသည် သာမန်အားဖြင့် အသက် ၆ဝ နှစ်ပြည့်လျှင် အငြိမ်းစားယူရန် သတ်မှတ်ထား သည်။ ဆွစ်ဇာလန်နိုင်ငံမှ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်မှာ ၆၂ နှစ်မှ ၇ဝ ကြားရှိရမည်ဖြစ်သည်။ ဓနအင်အားတောင့်တင်းသော ဆွစ်ဇာလန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း များလာခြင်းသည် လုပ်ငန်းတာဝန် ထမ်း ဆောင်မှုကို ထိခိုက်လာသဖြင့် အမျိုးသမီးများ နိုင်ငံ့ဝန်ထမ်းမှ အငြိမ်းစားယူရမည့်အသက်ကို အမျိုးသားများနည်းတူ ၆၅ နှစ်သတ်မှတ်ရန် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည့် အစီအစဉ်ကို မဲဆန္ဒရှင်များက ကန့်ကွက်နေကြောင်း ရိုက်တာ သတင်းအရသိရသည်။ စက်မှုဖွံ့ဖြိုးပြီးသော ဂျပန်နိုင်ငံရှိ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေသည် ၂ဝ၁၂ ခုနှစ်တွင် ၄ ဒသမ ၆၂ သန်းရှိရာမှ ၂ဝ၂၅ ခုနှစ်တွင် ခုနစ်သန်း အထိရှိနိုင်သည်ဟု ခန့်မှန်းထား သည်။

ယနေ့သက်ကြီးရွယ်အို ပုဂ္ဂိုလ်တို့သည် ငယ်ရွယ်စဉ်အခါက မိသားစုတာဝန်၊ ရပ်ရွာကောင်းကျိုးနှင့် လူမှုရေးတာဝန်၊ နိုင်ငံ့တာဝန်တို့ကို စွမ်းအားရှိသမျှ ထမ်းဆောင်ခဲ့ကြသူများ၊ ရှေ့ဆောင်လမ်းပြခဲ့ကြသူများ စသည်ဖြင့်ကျရာ ကဏ္ဍမှ သော်လည်းကောင်း၊ မိမိစိတ်အားထက်သန်ရာ ကဏ္ဍမှသော်လည်းေ ကာင်း အသီးသီးပါဝင်ခဲ့ကြသူများ ဖြစ်သည့်အား လျော်စွာ ဇရာအိုတို့ဘဝ စိမ်းစိုလန်းဆန်း မညှိုးနွမ်းစေခြင်းငှာ ယခုနှစ်သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်ဖြစ်သည့် ''သက်ကြီးသူတို့ စွမ်းဆောင်အား၊ ရပ်ရွာအတွင်း အလေးထား၊ အနာဂတ်အတွက် ခြေလှမ်းများ'' နှင့်အညီ ဝိုင်းဝန်း ကြိုးပမ်းအားထုတ် ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 574 times Last modified on Sunday, 01 October 2017 07:18