SJ WorldNews - шаблон joomla Авто

ချောက်ချားမှု နေ့ရက်များ ကုန်ဆုံး လွန်မြောက် ပါစေ

Thursday, 16 November 2017 09:05 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသအတွင်း သြဂုတ် ၂၅ ရက်တွင် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်သူများ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာများ၌ နေထိုင်လျက်ရှိသော ဘင်္ဂါလီ လူမျိုးများအား ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်း ဖက်သမားများက အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေ့စဉ်ထွက်ခွာနေကြသည်။ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာများက အလယ်သံကျော် ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် ခေတ္တနေထိုင် လျက်ရှိသည့် ဘင်္ဂါ လီလူမျိုး ၂ဝဝဝ ကျော်၊ မှိုဝင်ချောင်းဝနှင့် ဂေါ်ဒူသာရ ချောင်းဝကြား ပင်လယ်ကမ်းခြေတွင် နေထိုင်လျက်ရှိသော ဘင်္ဂါလီလူမျိုး ၇ဝ ကျော်တို့အား သွားရောက်တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရသည့် အကြောင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး သတင်းရယူကြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့ အတွင်းရှိ ရဲကင်းစခန်း ၃ဝ ခုနှင့် တပ်ရင်းဌာနချုပ် တစ်ခုတို့ကို ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက အကြမ်းဖက် တိုက်ခိုက်ခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်ရပ်အခြေအနေမှန်ကို သိရှိ ရန်နှင့် တပ်မတော်က နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် တပ်ပိုင်းဆိုင် ရာဆောင်ရွက်မှုများအပေါ် ပေးအပ်ထားသည့် တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဥက္ကဋ္ဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်း စစ်ဆေးဖော်ထုတ်ရန် တာဝန်ပေး အပ်ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ မောင်တောမြို့နယ်၊  ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင် မြို့နယ်တို့သို့ ၂၆ ရက်ကြာ သွားရောက်ခဲ့ပြီး တိုင်းရင်းသား ကျေးရွာနှစ် ရွာမှ တိုင်းရင်းသား ၁၉၅ဦး၊ ဟိန္ဒူကျေးရွာ နှစ်ရွာမှ ဟိန္ဒူရွာသူ၊ ရွာသား ၂ဝ၅ ဦးနှင့် ဘင်္ဂါလီကျေးရွာ ၅၄ ရွာမှ ရွာသူ၊ ရွာသား၂၈၁၇ ဦး စုစုပေါင်း ရွာသူ၊ ရွာသား ၃၂၁၇ ဦးအား တွေ့ဆုံမေးမြန်းခဲ့ပြီး အသိသက်သေ စုစုပေါင်း ၈ဝ၄ ဦးတို့၏ သက်သေ ထွက်ဆိုချက်များကို ရယူခဲ့ပါ သည်။ စစ်ဆေးတွေ့ရှိချက်များအနက် ယခုအချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာနေကြသည့် အကြောင်းရင်းကို ဒေသခံများနှင့် တွေ့ဆုံမေးမြန်းမှုများအရ သိရှိရသည်များအား တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က အသေးစိတ် ထုတ်ပြန်ကြေညာထားသည်။ သက်သေထွက်ဆိုချက်များအရ အကြမ်းဖက် တိုက်ခိုက်ရာတွင် အကြမ်းဖက် ခေါင်းဆောင်အဆင့်ဆင့်မှ ကြိုတင်စီမံ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားအမာ ခံများနှင့် ရွာသူ၊ ရွာသား၊ ကလေးများ အပါအဝင် အများအပြားပါဝင်၍ တိုက်ခိုက်ခဲ့သော်လည်း တိုက်ခိုက်ပြီးချိန်တွင် အောင်မြင်မှု မရှိသဖြင့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများက နေအိမ်များကို မီးရှို့၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဦးစွာ ထွက်ပြေးကြကြောင်း သိရ သည်။ ကျန်ရွာသားများကိုလည်း ''မင်းတို့ထွက်ပြေးကြတော့၊ အစိုးရစစ်တပ်က မင်းတို့ကို လောင်ချာနှင့်ပစ်မည်၊ ရွာမီး လောင်လိမ့်မည်၊ စက်သေနတ်နှင့်ပစ်မည်၊ ဟတ်စကီးဖြင့် ဗုံးချလိမ့်မည်''၊ ''မင်းတို့ထွက်လာခဲ့တော့၊ မင်းတို့ ထွက်မလာရင် အစ္စလာမ် သစ္စာဖောက်တွေအဖြစ် သတ်မှတ်ပြီး မင်းတို့ကို လည်လှီးသတ်မယ်၊ မင်းတို့ကို အစိုးရနှင့် ပေါင်းတဲ့အတွက် ငါတို့လာသတ်မယ်''စသည်ဖြင့် ခြိမ်းခြောက် ပြောဆိုကြသည်။

ထို့ပြင် မက်လုံးပေးသည့် အနေဖြင့် ''မင်းတို့တွေ ဘင်္ဂလားဒေ့ရှ် ရောက်ရင် နိုင်ငံတကာရဲ့ အကူအညီ အထောက်အပံ့နဲ့ အေးအေးဆေးဆေး နေနိုင်မယ်''၊''တတိယနိုင်ငံသို့ သွားရောက် နေထိုင်ခွင့်ရပြီး အလုပ်အကိုင်ကောင်းများရမယ်၊ ဝင်ငွေတိုးမယ်၊ ကြွယ်ဝချမ်းသာမယ်''၊ ''ရွာ ကအကုန် တစ်ယောက်မကျန် ထွက်ခဲ့ပါ၊ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို ဒီအတိုင်းထားခဲ့ပါ၊ ဘင်္ဂလားဒေ့ရှ် ရောက်ရင် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး၏ တန်ဖိုးကို  တစ်ရွာတည်းနေ အကြမ်းဖက် အဖွဲ့ဝင် ရွာသားငါးဦးက ထောက်ခံချက် ပေးမည်ဆိုပါက ယခုဖုန်း ဆက်သောအဖွဲ့က  ပြန်ပေးချေပါမည်''  ဟုပြောကြောင်း သိရသည်။ အခြားဝါဒဖြန့် ခြိမ်းခြောက်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွင် အကြမ်းဖက်သမားများက ရွာမှထွက်မပြေးသူ ဘင်္ဂါလီရွာသားများကို အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားပြီး အစိုးရနှင့် ပူးပေါင်းသူများအဖြစ် သတ်မှတ်ပြီး  သစ္စာဖောက်သူများ ဖြစ်သည်ဟု ဝါဒဖြန့်ခြင်းကြောင့် နောက်တစ်ကြိမ် အကြမ်းဖက် သမားများ ဝင်ရောက်လာချိန်တွင် သတ်ဖြတ်ခံရမည်ကို စိုးရိမ်မှု အပါအဝင် အခြားအကြောင်းများကြောင့် ၎င်းတို့နှင့်ဘာသာတူ၊ လူမျိုးတူ များရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တတိယနိုင်ငံသို့ သွားရောက် နေထိုင်ခွင့်နှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် မတ်လအတွင်းက တူရကီနိုင်ငံ ကမ်းခြေသို့ ဆိုက်ရောက်လာသော တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၃၅ဝ အနက် မြန်မာနိုင်ငံမှ ဘင်္ဂါလီအများစု ပါဝင်ပြီး ဆီးရီးယားနိုင်ငံသား အနည်းစု ပါဝင်ကြောင်းနှင့် အချို့မှာ လမ်းခရီးပင်လယ်အတွင်း ဘဝနိဂုံးချုပ် သွားကြပြီး ကုန်းပေါ် ရောက်လာသူများမှာလည်း ဒုက္ခသည်စခန်းများ၌ အနေအစားဆင်းရဲမှုနှင့် ကြုံတွေ့ကြရသည်ဟု တူရကီနိုင်ငံမှ Anadolu News Agency (AA) က ဖော်ပြထားသည်။

ယနေ့အချိန်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးတို့ကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့က ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ဒေသခံ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု အားကောင်းလျှင် ကောင်း သလောက် လုံခြုံစိတ်ချရမှု ရှိမည်ဖြစ်ကြောင်း မြဝတီက သတင်းကောင်း ပါးလိုက်ရပါသည်။

Read 49 times Last modified on Thursday, 16 November 2017 09:09