SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နေပြည်တော်   သြဂုတ်  

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အထူးဇာ ထိုးပန်း ထိုးနှင့် စက်ချုပ်သင်တန်းအမှတ်စဉ်(၁/၂ဝ၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက် ပိုင်းတွင်

နေပြည်တော်   သြဂုတ်  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ ဥသျှစ် ကုန်း ကျေး ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား  သြဂုတ် ၂ ရက်တွင်

နေပြည်တော်   သြဂုတ်  

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(လေ) မှ တပ်မတော်သားများနှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ပညာရည် ချွန်ဆုပေး

နေပြည်တော်   သြဂုတ်  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေး ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့ နေ့လယ် ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ အခြေအနေများ၊ ဆေးဝါးကုသပေးထားမှုများနှင့် ကျန်း မာရေးတိုးတက်မှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

နေပြည်တော်   သြဂုတ်    ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သြဂုတ်၁ ရက် နေ့လယ် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌သွားရောက်တွေ့ဆုံသည်။ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ ၏ တင်ပြ ချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် စား သောက် ဖွယ်ရာ များ ပေးအပ်သည်။

ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၈၁ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသ ရေးအဖွဲ့က မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင် ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများအား ပြည်မြို့ရှိ တပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ် သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်    သြဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စုအတွင်းရှိ ရေကျော် ချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား သြဂုတ်၁ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကအဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက် မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုး/ အကြောရောဂါ၊ ခွဲစိတ် ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်း ရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူ ၂ဝ၆ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများနှင့် ရောဂါ ရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

နေပြည်တော်   သြဂုတ်   ၂

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ ညနေပိုင်းတွင် ဇေယျာသီရိအားကစား ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြသည်။ဖွင့်ပွဲတွင် တိုင်းမှူး က အမှာစကားပြော ကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပထမ နေ့ပွဲ စဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် သြဂုတ် ၁၆ရက် အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နေပြည်တော်   သြဂုတ်    ၂

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း  ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေး ပွဲကို သြဂုတ် ၁ ရက်ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့်  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ကျိုင်းတုံ တပ်နယ် အသင်းနှင့် မိုင်းခွန်တပ်နယ်အသင်းတို့၏ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့ နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆုရ ရှိသူ များနှင့် ဒိုင်းဆုရရှိသော ကျိုင်း တုံ တပ် နယ် အသင်းတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများ အ သီး သီးပေးအပ်ကြသည်။အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင် ပွဲဝင် အသင်း ၁၂ သင်းဖြင့် ဇူလိုင်၂၁ ရက်မှ သြဂုတ် ၁ ရက်အထိ ယှဉ်ပြိုင် ကစား ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

မေး။ မင်္ဂလာပါဆရာ။  ပထမဆုံးသြဂုတ်လအတွက်  မိုးလေဝသနှင့်ဇလဗေဒခန့်မှန်း ချက်များ ကို မတင်ပြမီဇူလိုင်လအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသအခြေအနေများကို ဆွေးနွေး သုံး သပ်ပေးပါဦး။

ဖြေ။ ဟုတ်ကဲ့ပါ ဇူလိုင်လအတွင်း မြန်မာနိုင်ငံအပေါ် မိုးကောင်းစွာရရှိစေတဲ့ဖြစ်စဉ် နှစ်ခုရှိခဲ့ပါ တယ်။  ပထမတစ်ခုက ကပ္ပလီပင်လယ်ပြင်နဲ့  ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းခဲ့တာ (ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း-၁ မုန်တိုင်းငယ်-၂)၊ တောင်တရုတ် ပင်လယ်ပြင် ဘက်မှ အပူပိုင်းမုန်တိုင်းနှစ်လုံးရဲ့အကြွင်းအကျန်လေပွေလှိုင်းများ   မြန်မာနိုင်ငံသို့ရောက်ခဲ့တာတွေကြောင့်ပဲဖြစ်ပါတယ်။ မိုးရွာသွန်းမှုများအနေနဲ့ တိုင်းဒေ သကြီး နဲ့ပြည်နယ်များမှာ ငါးရက်ပတ်အလိုက် ကြည့်ရင်တွေ့ရတယ်။ တောင်တရုတ်ပင် လယ်ပြင် မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းများအနက် ဗီယက်နမ်နိုင် ငံကို ၂ဝ၁၇ ခုနှစ် ဇူလိုင်၁၆ ရက်မှာဖြတ် ကျော် ခဲ့တဲ့ အပူပိုင်းမုန်တိုင်း တာလက်ဟာ အနောက်မြောက်ဘက်ကို  လေဖိအားနည်း ရပ် ဝန်းအဖြစ် ဆက်လက်ရွေ့လျားရင်း မြန်မာနိုင်ငံဘက်အထိရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအရှေ့ ပိုင်း နဲ့  အလယ်ပိုင်းဒေသများမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။

အဲဒီရက်တွေမှာ သီပေါမြို့နဲ့ သိမ်ဇရပ်မြို့တို့မှာမိုးရွာသွန်းမှုစံချိန်သစ်တင်ခဲ့ပါ တယ်။ သီ ပေါမြို့ မှာဆိုရင် နှစ်ပေါင်း ၅၂  နှစ်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းခဲ့ပြီး သိမ်ဇရပ်မြို့မှာ ဆိုရင်   နှစ်ပေါင်း ၅၃ နှစ်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းခဲ့ပါတယ်။ ဇူလိုင်လ ကုန်ပိုင်း မှာလည်း ဗီယက်နမ်နိုင်ငံကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ ဖြတ်ကျော်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ဆွန် ကာဟာလည်း  အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး လေပွေ လှိုင်းအဖြစ် မြန်မာနိုင်ငံဘက်ကိုရောက်ရှိလာခဲ့တဲ့အတွက် မြန်မာနိုင် ငံတောင် ပိုင်းဒေ သတွေ မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မေး။ ဟုတ်ကဲ့ပါဆရာ။ ဇူလိုင်လအတွင်း မြစ်ရေကြီးမှုများနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး ဆရာ။ဖြေ။ ဟုတ်ကဲ့ပါ ဒီနှစ်ဇူလိုင်လဆန်းကတည်းကစပြီး ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်အထက် ပိုင်း မှာ နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုများကြောင့်ဖြစ်ပါတယ်။ မြစ်အထက်ပိုင်း မိုးများတဲ့အခါ အရင်ဆုံးမြစ် အထက်ပိုင်းမှာ မြစ်ရေကြီးမှုများဖြစ်ပေါ်ပြီး တဖြည်းဖြည်းနဲ့ မြစ် အောက်ပိုင်း ဒေသ တွေမှာ ရေကြီးမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အပေါ်က မြစ်ရေများ ရောက် လာတဲ့အချိန်မှာ မိုးရွာသွန်းမှုပိုလာတာနဲ့အချိန်ကိုက်တဲ့အတွက် မြစ်ဝကျွန်း ပေါ်ဒေ သများမှာ ရေကြီးမှု များဖြစ်ခဲ့ပါတယ်။ မိုးများခဲ့တဲ့ တိုင်းဒေသကြီးနဲ့ပြည် နယ် အချို့ ရှိြ မို့များမှာ လည်း တောင်ကျရေစီးဆင်းမှုများတာကြောင့် လျှပ်တစ်ပြက်ရေကြီးတာတွေ၊ မြေပြိုမှုဖြစ် ပွားတာ တွေ ကို တွေ့ရပါတယ်။မေး။ ဟုတ်ကဲ့ပါ။ ဆက်လက်ပြီး သြဂုတ်လအတွင်း ဖြစ်ပေါ်နိုင်တဲ့ဘင်္ဂလားပင်လယ် အော် အခြေ အနေနဲ့    မြန်မာနိုင်ငံ အတွက် မိုးရွာ သွန်းမှု အခြေအနေများ ကရော ဘယ်လို ရှိနိုင်တယ်ဆိုတာ ခန့်မှန်းပေးပါဦး ဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ သြဂုတ်လကတော့ မိုးလယ်ကာလရဲ့ ဒုတိယမြောက်ကာလအပိုင်း အခြား ပဲဖြစ် ပါတယ်။ သြဂုတ်လရဲ့မိုးလေဝသအခြေအနေနဲ့ မိုးရွာသွန်းမှုအခြေအနေများကို တင်ပြ ရရင်-ဘင်္ဂလားပင်လယ်အော် အခြေ အနေ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ် ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမို အားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါတယ်။ ကပ္ပလီပင် လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအသင့်အတင့်မှ အား ကောင်း နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ကယား ပြည်နယ်တို့မှာ ရွာသွန်းမြဲ ထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည် နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝ တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့  မွန်ပြည်နယ်တို့မှာ ၂၂ ရက် မှ ၂၉ ရက်ခန့်၊   ရှမ်းပြည်နယ်၊  ချင်းပြည်နယ်နဲ့ ကယားပြည် နယ်တို့မှာ  ၁၅ ရက်မှ ၂၁ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၁ဝ ရက်မှ ၁၉ ရက်ခန့် မိုးထစ် ချုန်းရွာ နိုင်ပါတယ်။မေး။ မြစ်ကြီးများမှာဖြစ်ပေါ်နိုင်တဲ့မြစ်ရေအခြေအနေများကိုလည်း ဆွေးနွေးပေး ပါဦး ဆရာ။

ဖြေ။ ဟုတ်ကဲ့ပါ။ သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့မုံရွာမြို့တို့မှာတစ်ကြိမ်ခန့်စီ၊ ဧရာဝတီ မြစ်ရေဟာ ရွှေကူမြို့၊ ကသာမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာ တမြို့နဲ့ ဇလွန်မြို့တို့မှာ တစ်ကြိမ် ခန့်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာတစ်ကြိမ်ခန့်၊စစ်တောင်းမြစ်ရေဟာတောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ မှာတစ်ကြိမ်ခန့်၊  သံလွင်မြစ်ရေဟာ  ဘားအံမြို့မှာတစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ  ပဲခူးမြို့ မှာတစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါး သိုင်းချောင်းမြို့၊  သာပေါင်းမြို့နဲ့  ပုသိမ်မြို့မှာ တစ်ကြိမ် ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ တစ်ကြိမ်ခန့်နဲ့ ကုလားတန်မြစ်ရေဟာ ကျောက် တော်မြို့မှာ တစ်ကြိမ်ခန့် ယင်းမြို့များ၏စိုးရိမ်ရေမှတ်အသီးသီးသို့ ကျော်လွန် ရောက်ရှိနိုင် ပါတယ်။

မေး။ သြဂုတ်လမှာ ကြိုတင်သတိပြုဖွယ်ရာ မိုးလေဝသနဲ့ ဇလဗေဒအခြေအနေများကို မိဘပြည် သူတွေ ပိုမိုသိရှိနိုင်အောင်ဆွေးနွေးပေးပါဦးဆရာ။ဖြေ။ ဟုတ်ကဲ့ပါ သြဂုတ်လတစ်လလုံးအတွက် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်း မယ်လို့ခန့်မှန်းထားပါတယ်။ သို့သော်လည်း အချို့ရက်တွေမှာ မုတ် သုံလေအား အသင့် အတင့်ရှိ မယ်။ အချို့ရက်တွေမှာ အားကောင်းခြင်း၊  အားအလွန်ကောင်းခြင်းတို့ဖြစ်ပေါ်သလို အားနည်းခြင်းဖြစ် ပေါ်တတ်ပါတယ်။

မုတ်သုံလေအားကောင်းတဲ့အခါ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသများမှာ မိုးများ တတ်ပါ တယ်။ မုတ်သုံလေအားနည်းတဲ့အခါ မြန်မာနိုင်ငံမြောက်ပိုင်းမှာ မိုးများပြီး အောက် ပိုင်းနဲ့ကမ်း ရိုးတန်းဒေသတွေမှာ မိုးနည်းသွားတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ သြဂုတ်လမှာ မိုးများတတ်ပါတယ်။  သို့သော်လည်း ပြောင်း လဲ နေ တဲ့ရာသီဥတုအခြေအနေ၊ တစ်နှစ်နဲ့တစ်နှစ် မတူညီတဲ့မိုးရွာသွန်းပုံတွေကြောင့် မိုးရ ရှိနိုင် တဲ့အခြေအနေများလည်း ပြောင်းလဲနိုင်ပါတယ်။ မုတ်သုံလေအားကောင်းတဲ့အခါ မိုးရွာသွန်းမှုများနဲ့အတူ မိုးသက်လေပြင်းများ မကြာခဏ ကျရောက် တတ်ပြီး အဝေးမြင်တာ အားနည်းမှု တွေရှိနိုင်တဲ့အတွက် ရေကြောင်း၊ လေကြောင်းသွားလာရေးမှာ အထူး သတိ ထားရပါမယ်။ အထူးသဖြင့် မုတ်သုံအားအလွန်ကောင်းတဲ့အခါ ကမ်းရိုးတန်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်းကျရောက်မှုပိုမိုဖြစ်ပေါ်နိုင်တဲ့အတွက် ကမ်းနီး ကမ်း ဝေးငါးဖမ်းရေ ယာဉ်များ ဂရုပြုဖို့လိုအပ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်တဲ့ လေဖိအား နည်းရပ်ဝန်းများနဲ့ မုတ်သုံမုန်တိုင်းများကြောင့်လည်းကောင်း၊ တောင် တရုတ် ပင်လယ်ပြင်ဘက်မှ ရွေ့လျားလာတဲ့   တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်း များ ကြောင့် လည်းကောင်း၊ တစ်ခါတစ်ရံ လေပြင်း တိုက် ခတ်ခြင်း၊ မိုးရွာသွန်းမှု ပို လာခြင်း များဖြစ်ပေါ်နိုင်ပါတယ်။ 

အထူးတင်ပြလိုတဲ့အချက်အနေနဲ့ကတော့ မိုးလယ် ကာလဖြစ် တဲ့ အတွက် မိုးရွာသွန်းမှုများနိုင်ပြီး လက်ရှိမြစ်ရေကြီးနေတဲ့ဒေသတွေမှာ သြဂုတ်လအထိ ဆက် လက်ဖြစ်ပေါ်နိုင်ခြင်းနဲ့ ရေကျသွားတဲ့မြစ်များမှာလည်း နောက်တစ်ကြိမ် ရေကြီးမှုများဖြစ် ပေါ်နိုင်ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီး ဌာန အနေနဲ့ ထူးခြားမိုးလေဝ သအခြေ အနေများ၊ မုတ်သုံလေအခြေအနေ၊ မိုးကြီးမည့်သတိပေးချက်များ၊  မုန်တိုင်းဖြစ် ပေါ်မှု အခြေအနေများ၊ မြစ်ကြီးများမှာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်မယ့်အခြေအနေများကို   ကြို တင်သတင်း ထုတ်ပြန်ပေး သွားမှာဖြစ် သလို  မိဘပြည်သူများအနေနဲ့လည်း သဘာ ဝဘေး အန္တ ရာယ်များ ကိုကြိုတင် သတိပြုစေချင်ပါတယ်။ ထို့ကြောင့်  ၂ဝ၁၇  ခုနှစ်  သြဂုတ်လ မိုးလေဝသနှင့် ဇလဗေဒ ခန့်မှန်းချက်များကို  ပြည်သူ လူထု သိရှိပြီး မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် ကြို တင်ပြင် ဆင်ဆောင် ရွက်နိုင်ရန် တွေ့ဆုံမေးမြန်းမှုကို  တင်ပြ လိုက် ရပါသည်။    ။

မကွေး  သြဂုတ်  ၂

စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ အခြေခံ လျှပ်စစ် ကျွမ်းကျင်မှု ရွေလျား သင်တန်းကို မကွေးမြို့ ပြည်တော်သာ ရပ်ကွက် ရုံးပေါင်းစုံ ဝင်းအတွင်းရှိ OSS ခန်းမ၌  ယမန်နေ့ နံနက်ပိုင်းက စတင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။သင်တန်းဖွင့်ပွဲတွင် မကွေး တိုင်းဒေ သကြီး ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုနှင့် အလုပ်သမား၊   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်တို့က အမှာစ ကား များပြောကြားသည်။ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ် စစ် ဆေးရေး ညွှန်ကြားရေးမှူး ဦးခင်ရွှေကသင် တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြီး ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ လေ့လာကြည့်ရှုကြသည်။သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ တစ်မြို့နယ် နှစ်ဦး နှုန်း ဖြင့် သင်တန်းသား ၅ဝ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ သြ ဂုတ်၂၅ ရက် အထိဖြစ်ကြောင်း   သိရသည်။                  

သန်းနိုင်ဦး(ငဖဲ)

Page 377 of 378