SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

ပိတောက်တွေရွှေလူး ဖူးပွင့်တော့မည့် ကာလမဝေးတော့ပြီမို့ ပိတောက်ပွင့်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို မြန်မာပြည်သူအပေါင်းတို့ စောင့်မျှော်နေကြသည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်  အကြိုရေသဘင် ကျင်းပကြသည့် သတင်းများကိုယခုရက်ပိုင်းအတွင်း တွေ့ရသည်မှာ ကျောင်းသား၊ ကျောင်းသူ ၆၇၅၄ ဦး တက်ရောက်ပညာ သင်ယူနေကြသော ကရင်ပြည်နယ် ဘားအံတက္ကသိုလ်၌ မတ် ၈ ရက်တွင် အတာသင်္ကြန်အကြိုဖွင့်ပွဲ အခမ်းအနားပြုလုပ်ပြီး ဖျော်ဖြေရေး အစီအစဉ်များ၊ အတာရေ ပက်ဖျန်းသည့် အစီအစဉ်များ၊ ဧည့်ခံကျွေးမွေးရေး အစီအစဉ်များ စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။

ဘားအံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသည် မတ် ၂ဝ ရက်တွင် စာမေးပွဲဖြေဆိုရမည် ဖြစ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူ ၇၈၅ ဦး  တက်ရောက်ပညာ သင်ကြားလျက်ရှိသော နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကလည်း မတ် ၂၆ ရက်တွင် စာမေးပွဲဖြေဆိုကြရမည်ဖြစ်သည်။ စာမေးပွဲများ ဖြေဆိုပြီးချိန်တွင် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများက ကျောင်းတော်ကြီးကို နှုတ်ဆက်ထွက်ခွာ သွားကြတော့မည့် အလား ကျန်ရှိသောကျောင်းသား၊ ကျောင်းသူများကလည်း နေရပ်ပြန်ကြမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း စည်းလုံးမှုနှင့် ချစ်ခင်မှုရှိကြစေရန် ရည်ရွယ်ချက်ဖြင့် အတာသင်္ကြန်အကြိုရေသဘင် ကျင်းပခြင်းဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်၌ အတာသင်္ကြန် အကြိုပွဲတော် အခမ်းအနားကို မတ်  ၆ ရက်တွင်ကျင်းပရာ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၅ဝဝ ခန့်တက်ရောက်ကြသည်။ အတာသင်္ကြန် အကြိုပွဲတော်တွင် မော်လမြိုင်တက္ကသိုလ် Volunteer Teamအဖွဲ့က'' မော်လမြိုင်တက္ကသိုလ် ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်နှင့် အခက်အခဲများ'' ခေါင်းစဉ်ဖြင့် သံချပ်ထိုးကြပြီး တက်ရောက်လာကြသော ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဘာသာရပ်ပေါင်းစုံမှ မိသားစုများက စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။

နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ၊ ဒါနကတဝေဝေ၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်၊ ကဲလို့သာဆင့်ရော့၊ အရွယ်သင့်အရွယ်ငယ်၊ မြန်မာတွေ ထည်လိုက်ကြဟူ၍ တန်ခူးလ၏ ထူးခြားသောပုံရိပ်ကို ဆရာဇော်ဂျီက ရေးဖွဲ့ထားသည်နှင့်အညီ အတာသင်္ကြန်ပွဲတော်အတွင်း  ဌာနဆိုင်ရာရုံး ဝန်ထမ်းများ အနေဖြင့် ရုံးပိတ်ရက်များ၌ ဇာတိချက်ကြွေ မွေးရပ်မြေသို့  ပြန်ကြမည့်သူများကလည်း  အတာသင်္ကြန် အကြိုပွဲတော်ကျင်းပသည့် သတင်းများကိုဖတ်၍ နေရပ်ပြန်ရန် ပြင်ဆင်နေကြသည်။ ဤသို့ပြင်ဆင်နေကြချိန်အတွင်း ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် သင်္ကြန်မတိုင်မီ ငါးရက်နှင့် သင်္ကြန်ပြီး ငါးရက်တို့တွင် အထူးရထားများ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်းနှင့် ပုံမှန်ပြေးဆွဲပေးနေသည့် ရထားများလည်း ပြေးဆွဲပေးမည်ဖြစ်ကြောင်း  မြန်မာ့မီးရထားလုပ်ငန်း   တိုင်းအမှတ်(၇)ကို ကိုးကား၍  နေ့စဉ်သတင်းစာတစ်စောင်က ဖော်ပြထားသဖြင့် ခရီးသွားမည့်ပြည်သူများ ဝမ်းမြောက်ကြရသည်။ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီး ကာလတို့တွင် ပြေးဆွဲပေးမည့် အထူးရထားများအတွက် လက်မှတ်ခများမှာ ပုံမှန်နှုန်းထားဖြစ်သော ရိုးရိုးတန်း လက်မှတ်တစ်စောင်လျှင် ငွေကျပ် ၄၆၅ဝ၊ အထက်တန်းလက်မှတ် တစ်စောင်လျှင် ငွေကျပ် ၉၃ဝဝ၊  အိပ်စင်တွဲအတွက် လက်မှတ်တစ်စောင်လျှင် ငွေကျပ် ၁၂၇ဝဝ တို့ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ်အတွက် သင်္ကြန် ရုံးပိတ်ရက်သည် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ စုစုပေါင်းငါးရက်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ဝန်ထမ်းဦးရေ နှစ်သန်းကျော် ရှိသည့်အနက် လုပ်ငန်းသဘာဝ မတူညီမှုများရှိကြသည်။ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ဆိုသော်လည်း ဧပြီ ၁၂ ရက်နေ့ တာဝန်ထမ်းဆောင်မှုတွင် ညနေ ၄ နာရီခွဲ တာဝန်ပြီးဆုံးသူနှင့် ညသန်းခေါင်ကျော်မှ တာဝန်ပြီးဆုံးသူဟူ၍ နှစ်မျိုးရှိကြသည်။ ထို့အတူ သင်္ကြန်ပြီးချိန်တွင်လည်း ဧပြီ ၁၈ ရက် နံနက် ၉ နာရီခွဲရုံး တက်ရမည့်သူနှင့် ဧပြီ ၁၈ ရက်တွင် အသင့်ဖြစ်စေရန် ဧပြီ ၁၇ ရက် နံနက်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင်ရမည့်သူ ဟူ၍ နှစ်မျိုးရှိကြသည်။ ထို့ကြောင့်  ဧပြီ ၁၂  ရက် ညသန်းခေါင်ကျော်မှ တာဝန်ပြီးဆုံးမည့် ဝန်ထမ်းနှင့် ဧပြီ ၁၇ ရက် နံနက်ပိုင်း လုပ်ငန်းခွင်ပြန်ဝင်ရမည့် ဝန်ထမ်းတို့မှာ အမေ့ရွာကိုပြန်လိုလျက် သွားလာရေးက ခက်ခဲသည့် အခြေအနေမျိုး ကြုံတွေ့ရဖွယ်ရှိသည်။ သွားလာရေး အခက်အခဲရှိနိုင်သည့် ဝန်ထမ်းဦးရေသည် အနည်းငယ်သာ ရှိသော်လည်း သူလည်းလေလောကီသားပေမို့ သွားချင်ရှာပေလိမ့်မည်ဟူသော  အတွေးတွေးမိသည်။ သယ်ယူပို့ဆောင်ရေး ဌာနများသို့ တစ်ဆက်တည်း တင်ပြလိုသည်မှာ ပျော်ရာမှာမနေ တော်ရာမှာနေကြရသော နိုင်ငံ့ဝန်ထမ်းတို့သည် မိမိသွားလိုရာကို အချိန်မရွေး သွားလာနိုင်သူများ မဟုတ်ကြောင်း အလေးအနက်ထား၍ သင့်တင့်သော အစီအစဉ်ဖြင့် လက်တွေ့ဖော်ဆောင်ပေးကြလျှင် အတိုင်းထက်အလွန်  တံခွန်နှင့်ကုက္ကား ဖြစ်ကြမည်မှာ သေချာသည်။

သို့ဖြစ်၍ အေးမြသောသင်္ကြန်ရေဖြင့် ပက်ဖျန်း၍ အချင်းချင်း စည်းလုံးညီညွတ်မှုတို့ကို သရုပ်ဖော်သော အတာသင်္ကြန်ပွဲတော်၏ အနှစ်သာရကို ပိုမိုပီပြင်စေခြင်းငှာ  အမေ့ရွာအပြန်လမ်း ဖြောင့်တန်းစေရေး ကူညီဆောင်ရွက်ပေးကြပါရန် နိုင်ငံ့ဝန်ထမ်းများ ကိုယ်စား မြဝတီက ပန်ကြားလိုက်ရပါသည်။            

မြန်မာ နိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှစတင်၍ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လျက်ရှိသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများမှ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုအတွက် အခြေခံ မူဘောင်များ ချမှတ်ခဲ့ရာ

Page 43 of 58