SJ WorldNews - шаблон joomla Авто

ကမ္ဘာ့လူဦးရေ သန်းပေါင်း ခုနစ်ထောင်ကျော် ရှိသည့်အနက် စိတ်ကျရောဂါ ခံစားနေရသူ သန်း ၃ဝဝ ရှိရာတွင် လှုပ်ရှားမှု နည်းပြီး အထိုင်များသူ အရေအတွက် အများစု ပါဝင်သဖြင့် စိတ်ကျရောဂါ ခံစားရသူ အရေအတွက် နည်းစေရန် ကြိုတင် ကုစားသင့်ကြောင်း လေ့လာသူများက တိုက်တွန်း ထားကြသည်။

ဂေါတမ မြတ်စွာဘုရား ဝါတော် ခြောက်ဝါရသော ကာလ၌ သာဝတ္ထိပြည့်ရှင် ကောသလမင်း၏ သရက်ဥယျာဉ်မှ တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူသည်။ တာဝတိံသာ နတ်ပြည်ရှိ ပင်လယ်က သစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မည်သော ကျောက်ဖျာထက်၌ ထိုင်တော်မူလျက် မယ်တော်ဟောင်း သန္တုဿိတနတ်သားနှင့် စကြာဝဠာ တစ်သောင်းမှ လာကြကုန်သော နတ်အပေါင်းတို့အား အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလပတ်လုံး မပြတ်ဟောတော်မူသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ ဆုတ်ခွာမည့်ကာလကို

ပင်လယ်ပြာပြာရေလှိုင်းဖွေးဖွေးမှ ငေးမျှော်ကြည့်လျှင် ရေးရေးသာမြင်ရသော စိမ်းစိုလန်းဆန်းနေသည့် ကျွန်းကလေးများ တည်နေရာ တနင်္သာရီကမ်းရိုးတန်းဒေသ မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ၈ဝဝ ရှိသည်။

အခါတစ်ပါး၌ ဂေါတမမြတ်စွာဘုရား သီတင်းသုံးရာဌာနသို့ အာဠာဝက ဘီလူးရောက်လာပြီး ပုစ္ဆာ(၄)ရပ်ကိုမေးမြန်းသည်။ 

မြန်မာနိုင်ငံ ခေတ်ပြောင်းစနစ်ပြောင်းချိန် ၂ဝ၁၁ ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲ၍ ခရစ်နှစ် ၂ဝ၃ဝ တွင် ဝင်ငွေ အလယ်အလတ်ရှိသော ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ရောက်ရှိရန် ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်နေကြသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိကျင်းပသည့် (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ (9th ASEAN PARA Games 2017)သို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကြသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားများသည် ဆုတံဆိပ် ၄၃ ခုဆွတ်ခူး၍ စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာကြသည်။

Page 48 of 52