SJ WorldNews - шаблон joomla Авто

ရုရှားက တူရကီသို့ S-400 ဒုံးကျည် ကာကွယ်ရေး စနစ်များ ရောင်းချရေး သဘောတူညီချက်ကို လက်မှတ်ထိုး

Sunday, 31 December 2017 08:31 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံမှ တူရကီသို့ S-400 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ကာကွယ်ရေးစနစ်များ ရောင်းချရေး သဘောတူညီချက်ကို ရုရှားနှင့် တူရကီမှ တာဝန်ရှိ သူများက ဒီဇင်ဘာ ၂၉ ရက်တွင် လက်မှတ် ထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ သဘော တူညီမှုသည် ကာဒစ်နှင့် အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများ နှင့် ဆီးရီးယားနယ်စပ် တစ်လျှောက်မှ ထွက်ပေါ် လာနိုင်သည့် အန္တရာယ်များကို ကာကွယ် နိုင်ရေး အတွက် တူရကီအစိုးရက ၎င်းတို့၏ စစ်ဘက် စွမ်းရည်ကို တိုးမြှင့်ရန် နောက်ဆုံး လုပ်ဆောင်သည့် ဆောင်ရွက်ချက် ဖြစ်သည်။

ဒေါ်လာ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ အဆိုပါ သဘော တူညီချက် အရ ရုရှားနိုင်ငံသည် S-400  ဒုံးတပ်ခွဲ များကို တူရကီ နိုင်ငံသို့ ၂ဝ၂ဝ ပြည့်နှစ် ပထမ လေးလပတ်အတွင်း ပေးပို့ သွားမည် ဖြစ်ကြောင်း တူရကီ ကာကွယ်ရေး စက်မှုလုပ်ငန်း ဆိုင်ရာရုံး အဖွဲ့က ထုတ်ပြန် ထားသည်။

အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ် ဝယ်ယူရေးနှင့် စပ်လျဉ်း၍ ရုရှားနှင့် တူရကီ အစိုးရ အဖွဲ့တို့သည် အချိန် တစ်နှစ်ကျော်ကြာ စေ့စပ် ညှိနှိုင်း ခဲ့ရကြောင်း သိရသည်။

S-400 ဒုံးကျည် ကာကွယ်ရေး စနစ်သည် NATO၏ စစ်ဘက်ဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ပုံ နှင့် ကိုက်ညီမှု မရှိသောကြောင့် ယင်းဒုံးကျည်စနစ် ဖြန့်ကြက်မည့် တူရကီ၏ အစီအစဉ်ကို အနောက် နိုင်ငံများက စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

ရုရှားနှင့် တူရကီတို့အကြား လက်မှတ်ထိုးထားသည့် အဆိုပါ ဒုံးကျည်စနစ် ထောက်ပံ့ရေး သဘော တူညီချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမို တိုးတက် လာစေမည် ဖြစ်ကြောင်း သိရသည်။

Read 284 times Last modified on Sunday, 31 December 2017 08:40