SJ WorldNews - шаблон joomla Авто

ပါကစ္စတန်သို့ ပေးမည့် ဒေါ်လာ ၂၅၅ သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အကူအညီများကို အမေရိကန် ရပ်ဆိုင်း

Wednesday, 03 January 2018 10:01 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဇန်နဝါရီ ၂

အမေရိကန် အစိုးရသည် ပါကစ္စတန်နိုင်ငံသို့ ပေးအပ်မည့် ဒေါ်လာ ၂၅၅ သန်းတန်ဖိုးရှိစစ် ဘက်ဆိုင်ရာ အကူအညီများကို ရပ်ဆိုင်းလိုက်ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။သမ္မတ ထရမ့်က ပါကစ္စတန် နိုင်ငံနှင့် စပ်လျဉ်း၍ အရေးကြီးသည့် မှတ်ချက်တစ်ရပ်ကို ပြောပြီးနောက်ပိုင်း၌ အမေရိကန် အစိုးရက အဆိုပါ ထောက်ပံ့မှုကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

ပါကစ္စတန် အစိုးရအနေဖြင့် ၄င်းတို့၏ နယ်မြေ ပိုင်နက်အတွင်းရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် စစ်သွေးကြွများ ကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဟု အမေရိကန် ပြည်ထောင်စုက မျှော်လင့်ကြောင်း၊ အမေရိကန် အစိုးရ၏ အရှေ့တောင် အာရှ မူဝါဒအား ထောက်ခံသည့် ပါကစ္စတန် အစိုးရ၏ လုပ်ဆောင်မှုသည် ပါကစ္စတန်-အမေရိကန် ဆက်ဆံရေးနှင့် အနာဂတ် အကူအညီပေးရေးကို အဓိက အဆုံးအဖြတ် ပေးမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောကြားသည်ဟု Fox သတင်း ဌာနက ဇန်နဝါရီ ၁ ရက်တွင်ထုတ်ပြန်သည်။

အမေရိကန် အစိုးရသည် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် အကူအညီများကို ပါကစ္စတန် အစိုးရသို့ ပေးရန် လျာထားသော်လည်း ပါကစ္စတန်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပါဝင်ခြင်းမရှိဘဲ အာဖဂန်နစ္စတန်မှ အကြမ်းဖက် သမားများအား ခိုလှုံခွင့် ပြုနေသည်ဟု ထရမ့်က ၄င်း၏ တွစ်တာစာမျက်နှာတွင် ရေးသား ဖော်ပြခဲ့ကြောင်း သိရသည်။

Read 397 times Last modified on Wednesday, 03 January 2018 10:03