SJ WorldNews - шаблон joomla Авто

ဆီးရီးယားရှိ ရုရှား စစ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများ၏ မောင်းသူမဲ့ လေယာဉ် သိုလှောင်ရေး စခန်းကို ရုရှား အထူးတပ်ဖွဲက့ တိုက်ခိုက် ဖျက်ဆီး

Sunday, 14 January 2018 10:34 font size decrease font size decrease font size increase font size increase font size

ဆီးရီးယားရှိ ရုရှား စစ်အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွများ၏ မောင်းသူမဲ့ လေယာဥ်သိုလှောင်ရေး စခန်းကို ရုရှား အထူးတပ်ဖွဲ့က တိုက်ခိုက် ဖျက်ဆီး လိုက်နိုင်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်သိုလှောင်ရေး စခန်းသည် အိုင်းဒလစ်ပြည်နယ် အတွင်း၌ တည်ရှိပြီး ယင်း သိုလှောင်ရုံကို ရုရှားစစ်ဘက်၏ မေမင်လေတပ် အခြေစိုက်စခန်းကို ဒီဇင်ဘာ ၃၁ ရက်တွင် စိန်ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက်သည့် စစ်သွေးကြွများက ထိန်းချုပ် ထားကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အိုင်းဒလစ်ပြည်နယ် အနောက်ဘက် နယ်စပ်အနီး၌ တည်ရှိသည့် စစ်သွေးကြွများ၏ မောင်းသူမဲ့ လေယာဉ်သိုလှောင်ရုံကို ရုရှားအထူးတပ်ဖွဲ့က လုပ်ဆောင်သည့် စစ်ဆင်ရေး၏ နောက်ဆုံး အဆင့်တွင် တိုက်ခိုက်ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

ရုရှား အထူးတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် စစ်သွေးကြွများက မီနီဘတ် စကားအပေါ်သို့ တက်ရန် ပြင်ဆင်နေရာ ၎င်းတို့ကို ရုရှားတပ်ဖွဲ့ဝင်များက ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့် အမြောက်ဖြင့် ပစ်ခတ် ချေမှုန်းလိုက်ခြင်း ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြ ထားသည်။

ရုရှား စစ်ဘက်သည် အဆိုပါ စစ်ဆင်ရေးကို ဆီးရီးယားနိုင်ငံရှိ ရုရှား စစ်ထောက်လှမ်းရေး အဆင့်ဆင့်မှ ရရှိသည့် သတင်းအချက်အလက်များ အပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အစွန်းမရောက်ဘဲ အလယ်အလတ် အဆင့်ရှိဟု သတ်မှတ်ခံထားရသည့် စစ်သွေးကြွများက မေမင်လေတပ် အခြေစိုက်စခန်းကို ဒီဇင်ဘာ ၃၁ ရက်တွင် စိန်ပြောင်းများဖြင့် တိုက်ခိုက်မှု ကြောင့် ရုရှား စစ်သည်အနည်းဆုံးနှစ်ဦး သေဆုံးသွားပြီး ဇန်နဝါရီ ၆ ရက်တွင် စစ်သွေးကြွများက မောင်းသူမဲ့ လေယာဉ်များဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Read 244 times Last modified on Sunday, 14 January 2018 10:42