SJ WorldNews - шаблон joomla Авто

ဂါဇာ ကမ်းမြောင်၌ အစ္စရေး ရဲတပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်သည့် ပါလက်စတိုင်း နိုင်ငံသား ၃ဝဝ ခန့် ဒဏ်ရာရ

Sunday, 14 January 2018 10:42 font size decrease font size decrease font size increase font size increase font size

ဂါဇာကမ်းမြောင်နှင့် သိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသ အတွင်း၌ ဇန်နဝါရီ ၁၂ရက် တွင် အစ္စရေး ရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်း နိုင်ငံသားတို့ အကြား ပဋိပက္ခ ဖြစ်ပွားရာ ပါလက်စတိုင်း နိုင်ငံသား ၃ဝဝ နီးပါး ဒဏ်ရာ ရရှိကြောင်း ဒေသတွင်း ကျန်းမာရေးဆိုင်ရာ ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Sputnik သတင်း ဌာနသို့ ပြောသည်။

အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုအတွင်း သေနတ် ထိမှန်မှုကြောင့် ဒဏ်ရာရသူ ၄၅ ဦး အပါအဝင် ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ် ခံရမှုကြောင့် ဒဏ်ရာရသူ ၃ဝ ဦးနှင့် မျက်ရည်ယို ဗုံးကြောင့် ၂၁၅ ဦး ဒဏ်ရာ ရရှိခြင်းကြောင့် စုစုပေါင်း ထိခိုက်ဒဏ်ရာ ရသူဦးရေမှာ ၂၉ဝ ဦးအထိ မြင့်တက် လာကြောင်း ပါလက်စတိုင်း လခြမ်းနီ အဖွဲ့အစည်းမှ အီရပ်ဖူကာဟာက ပြောသည်။

ပြီးခဲ့သည့် လက ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး နောက် အစ္စရေးနှင့် ပါလက်စတိုင်းတို့ အကြား ပဋိပက္ခများ စတင် ဖြစ်ပွားခြင်း ဖြစ်သည်။

ပါလက်စတိုင်း နိုင်ငံသား ၈၅ဝ ခန့်သည် ဇန်နဝါရီ ၁၂ ရက်တွင် ဂါဇာကမ်းမြောင် တစ်လျှောက် ရှိ နေရာလေး နေရာ၌ အစ္စရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားပြီး ထောင်ပေါင်း များစွာ သော ပါလက်စတိုင်း ပြည်သူများက အနောက်ဘက် ဒေသရှိ နေရာ၁၇ နေရာ၌ အစ္စရေး ရဲတပ်ဖွဲ့ဝင်များကို ဆန့်ကျင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အရှေ့ ဂျေရုဆလင်ကို ၎င်းတို့၏ မြို့တော်ဖြစ်သည်ဟု အရှေ့ ပါလက်စတိုင်းက အခိုင်အမာ ပြောဆို ထားသည်။

Read 271 times Last modified on Sunday, 14 January 2018 10:50