SJ WorldNews - шаблон joomla Авто

လက်နက်များ ပြန်လည်ထောက်ပံ့ပေးရန် ဆီးရီးယား သူပုန်အဖွဲ့က အမေရိကန်အား တောင်းဆို

Wednesday, 17 January 2018 09:12 font size decrease font size decrease font size increase font size increase font size

ဒမတ်စကပ် ဇန်နဝါရီ ၁၆

စီအိုင်အေအဖွဲ့မှတစ်ဆင့် ဆီးရီးယားရှိ သူပုန်အဖွဲ့အား ပေးအပ်သည့်လက်နက် ထောက်ပံ့ရေး အစီအစဉ်ကို ပြန်လည်စတင်၍ လက်နက်များ ပြန်လည်ထောက်ပံ့ပေးရန် အဆိုပါသူပုန်အဖွဲ့က အမေရိကန် အစိုးရအား တောင်းဆို လိုက်သည်။ အမေရိကန်အစိုးရ၏ လက်နက်ထောက်ပံ့ရေး အစီအစဉ် ပြန်လည်စတင်ရန်အတွက် သူပုန်အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့သို့ သွားရောက်ကာ တောင်းဆိုကြောင်း သူပုန် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မူစတာဖာဆေဂျာရီက ဆိုသည်။

အမေရိကန်အစိုးရသည် ဆီးရီးယားရှိ အစွန်းမရောက်သည့် သူပုန်အဖွဲ့ထံသို့ လက်နက်အမြောက်အမြား ထောက်ပံ့ပေးလျက်ရှိသည်ဟု ၂ဝ၁၅ ခုနှစ်တွင် ဝန်ခံပြောကြားသော်လည်း အဆိုပါ လက်နက်များသည် နောက်ဆုံးတွင် နိုင်ငံ တကာက ရှုတ်ချထားသော စစ်သွေးကြွ အဖွဲ့များဖြစ်သည့် IS နှင့် အယ်နျူဆရာ တပ်ဦးတို့၏ လက်အတွင်းသို့ ကျရောက်သွားခြင်းကြောင့် အမေရိကန် အစိုးရက ၎င်းတို့၏ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ထို့ပြင် အမေရိ ကန် အစိုးရသည် ဆီးရီးယား သမ္မတ ဘာရှာအယ်အာဆတ်ကို ဖြုတ်ချရေးအတွက် တိုက်ခိုက်နေသည့် အတိုက်အခံသူပုန်အဖွဲ့ (Free Syrian Army) အား ယခင်က လက်နက်ခဲယမ်းများ ထောက်ပံ့ပေးအပ်နေသော်လည်း ၂ဝ၁၆ ခုနှစ် မတ်လက စီအိုင်အေမှ ထောက်ပံ့ထား သည့် သူပုန်တပ်ဖွဲ့ကို ပင်တဂွန်စစ်ဌာနချုပ်က လက်နက်ထောက်ပံ့ ပေးနေသည့် ကာ့မျိုးနွယ်စုများ လွှမ်းမိုး ထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့က တိုက်ခိုက်ပြီးနောက်ပိုင်းတွင် စီအိုင်အေအဖွဲ့မှာ အစိုးရ၏ ဖိ အားပေးခြင်းကို ခံရကြောင်း သိရသည်။

Read 374 times Last modified on Wednesday, 17 January 2018 12:01