SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် ပြန်လည်စတင်

Tuesday, 30 January 2018 09:16 font size decrease font size decrease font size increase font size increase font size

မနီလာ ဇန်နဝါရီ ၂၉

ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် သမ္မတဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို ဇန်နဝါရီ ၂၉ ရက်တွင် ပြန်လည်စတင်လိုက်သည်။ အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို အသာတကြည် ခံယူပါက ရဲတပ်ဖွဲ့က အကြမ်းဖက်မှု များပြုလုပ်မည်မ ဟုတ်ဟူသော ရဲတပ်ဖွဲ့အကြီးအကဲ ရော်နယ်ဒိုဒီလာရိုဆာ၏ အာမခံချက်ဖြင့် ယင်းအစီအစဉ်ကို ပြန်လည်စတင်လိုက်ခြင်း ဖြစ်သည်။ သို့သော်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါ မူးယစ်ေ ဆးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် သွေးထွက်သံယို ဖြစ်ပွားမှုမရှိစေရဟု ကတိကဝတ်ကိုမူပေးထားခြင်း မရှိပေ။

အဆိုပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်အရ ရဲတပ်ဖွဲ့ကမူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသည့် ဒုစရိုက်ရိပ်မြုံများ၊ မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူဟု ယူဆရ သူများ၏ နေအိမ်များအတွင်းသို့ ဝင်ရောက် စီးနင်းရှာဖွေခွင့် ရရှိမည်ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့၏ အချို့စီးနင်းမှုများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ အနေဖြင့် လက်နက်ချခွင့်မ ရရှိမီ ရဲတပ်ဖွဲ့၏ချေမှုန်းခြင်းကိုခံရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြ ထားသည်။ ရဲတပ်ဖွဲ့ကမူ ၎င်းတို့၏ဖမ်းဆီးခြင်းကို မခံဘဲ ပြန်လည်ခုခံခြင်းကြောင့် ချေမှုန်း ရခြင်းဖြစ်သည်ဟု တုံ့ပြန် ပြောဆိုထားသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူဟုယူဆရသူများ၏ နေအိမ်များသို့ ရဲတပ်ဖွဲ့ ကသွားရောက်စစ်ဆေးရာတွင် ပွင့်လင်းမြင် သာမှု ရှိစေရန်အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဘာသာရေး ခေါင်း ဆောင်များနှင့် မီဒီယာများကို ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါစေမည်ဖြစ်ကြောင်း ဒီလာရိုဆာကပြောသည်။

ရဲတပ်ဖွဲ့က အဆိုပါ စီးနင်းမှုများပြုလုပ်ပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်သူ ၁ ဒသမ ၂ သန်း ကျော်သည် ရဲတပ်ဖွဲ့ထံသို့ လာရောက် အဖမ်းခံပြီးဖြစ်သည်။ အဆို ပါ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး တိုက်ဖျက် ရေးအစီအစဉ်ကို သမ္မတဒူတာတေ အာဏာရလာသည့် ၂ဝ၁၆ ခုနှစ်မှစတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ ရဲတပ်ဖွဲ့နှင့်ဖြစ် ပွားသည့် အပြန်အလှန် ပစ်ခတ်မှုများအတွင်း မူးယစ်ဆေးဝါးရောင်းချသူ ၄ဝဝဝ နီးပါး၊ ရဲတပ်ဖွဲ့ဝင်နှင့် စစ်သည် ၈၅ ဦး သေဆုံးပြီးဖြစ်ကြောင်း သိရသည်။

Read 141 times Last modified on Tuesday, 30 January 2018 10:03