×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ကဘူးမြို့ရှိ စစ်စခန်းတစ်ခုကို စစ်သွေးကြွများ စီးနင်းတိုက်ခိုက်၊ အာဖဂန် တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး

Tuesday, 30 January 2018 12:06 font size decrease font size decrease font size increase font size increase font size

ကဘူး ဇန်နဝါရီ ၂၉

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ရှိ စစ်စခန်း တစ်ခုကို စစ်သွေးကြွ ငါးဦးက ဇန်နဝါရီ ၂၉ ရက်တွင် စီးနင်း တိုက်ခိုက်ရာ အာဖဂန်တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ သေနတ်သမားများသည် ကဘူးမြို့ အနောက်ပိုင်း ဆင်ခြေဖုံးဒေသ မာရှယ်ဖာဟင် စစ်တက္ကသိုလ်အနီးရှိ စစ်စခန်းကို အရုဏ်တက် ချိန်မတိုင်မီ လောင်ချာများအပါအဝင် သေနတ်များဖြင့် တိုက် ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်သမား လေးဦးကို အသေချေမှုန်းနိုင်ကာ ကျန်တစ်ဦးကို ဖမ်းဆီးနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ကိုးရက်အတွင်း လေးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပြီး ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းတိုက်ခိုက်မှုသည် ကဘူးမြို့လယ် ၌ လူနာတင်ယာဉ်ဖြင့် ကားဗုံးခွဲတိုက်ခိုက်မှုပြီးနောက် နှစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း လူ ၁ဝဝ ကျော်သေဆုံးကြောင်း သိရသည်။ ထို့ပြင် ကဘူးမြို့ရှိ အင်တာကွန်တီနန် တယ်ဟိုတယ်၌လည်း ပြီးခဲ့သည့်ရက်သတ္တပတ်ကျော်က တိုက်ခိုက်မှုဖြစ်ပွားရာ လူ ၂ဝ ကျော်သေဆုံး ကြောင်းသိရသည်။ ယင်းတိုက်ခိုက်မှုနှစ်ခုစလုံးမှာ တာလီဘန်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ၎င်းအဖွဲ့က ဆို ထားသည်။

Read 570 times Last modified on Tuesday, 30 January 2018 12:09