×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ယီမင် တောင်ပိုင်း ခွဲထွက်ရေး သမားများက အေဒင်မြို့ကို သိမ်းပိုက်

Wednesday, 31 January 2018 09:13 font size decrease font size decrease font size increase font size increase font size

အေဒင် ဇန်နဝါရီ ၃ဝ

ယီမင်အစိုးရနှင့် နိုင်ငံတောင်ပိုင်းမှ ခွဲထွက်ရေးသမားများအကြား နှစ်ရက်ကြာ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အေဒင်ဆိပ်ကမ်းမြို့ကို ယင်းခွဲထွက်ရေးအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက ဇန်နဝါရီ ၃ဝ ရက်တွင်ပြောသည်။ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ဝင် အာရပ်စော်ဘွားများ ပြည်ထောင်စုက ထောက်ပံ့ထားသည့် တောင်ပိုင်းကူးပြောင်းရေး ကောင်စီမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃ဝ ရက်တွင် နိုင်ငံြေ မာက်ပိုင်း ဒါဆတ်ဒေသရှိ သမ္မတ ကာကွယ်ရေး အစိုးရတပ်ဖွဲ့၏ နောက်ဆုံးခံတပ်ကို သိမ်းပိုက်ခြင်းဖြစ်သည်။

အေဒင်မြို့၌ ယီမင်အစိုးရနှင့် ခွဲထွက်ရေးသမားများအကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း လူ ၃၆ ဦး ကျော်သေဆုံးကြောင်း နိုင်ငံတကာ ကြက်ခြေနီကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ကလည်း နိုင်ငံမြောက်ပိုင်းရှိ ဒေသအများစုကို ထိန်းချုပ်ထားသော အီရန် ထောက်ပံ့ထားသည့်ဟူသီသူပုန်များကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဟူသီသူ ပုန်များက နိုင်ငံကိုတိုက်ခိုက်မှုများ လုပ်ဆောင်၍ ဆာနားမြို့တော်ကို သိမ်းပိုက်ခဲ့သည့်၂ဝ၁၄ ခုနှစ်မှစ၍ အေဒင် မြို့ကို ယီမင်အစိုးရက ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Read 511 times Last modified on Wednesday, 31 January 2018 09:14