SJ WorldNews - шаблон joomla Авто

တူရကီ၏ စစ်ဆင်ရေးသည် ကျူးကျော်စစ် ဖြစ်လာပါက ဒေသတွင်း နိုင်ငံများအတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ဟု ပြင်သစ်သမ္မတ သတိပေး

Thursday, 01 February 2018 09:10 font size decrease font size decrease font size increase font size increase font size

ပဲရစ် ဇန်နဝါရီ ၃၁

တူရကီနယ်စပ်ကို ခြိမ်းခြောက်နေသည့် ကာ့တပ်ဖွဲ့ကို တူရကီအစိုးရတပ်ဖွဲ့က ထိုးစစ်ဆင်နေခြင်းသည် ကျူးကျော်စစ်ဖြစ်လာပါက ဒေသတွင်းနိုင်ငံများအတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြင်သစ်သမ္မ တ အီမန်နျူယယ်မက်ခရွန်က သတိပေးထားသည်။ တူရကီအစိုးရသည် ဇန်နဝါရီ ၂ဝ ရက်မှစတင်၍ ဆီးရီးယားနိုင်ငံ အာဖရင်ခရိုင်အတွင်းရှိ ကာ့တပ်ဖွဲ့ကို တိုက်ခိုက်ချေမှုန်းလျက် ရှိသောကြောင့် အဆိုပါပြဿ နာနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်၊ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြရန်နှင့် ယင်းပြဿနာသည် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်လာကြောင်း မက်ခရွန်က Le Figaro သတင်းဌာနသို့ ပြောသည်။

တူရကီက Olive Branch ဟု အမည်ပေးထားသော စစ်ဆင်ရေးလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်းနှင့် လာမည့်ရက်ပိုင်းတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း မက်ခရွန်က ဆက်ပြောသည်။ တူရကီအစိုးရ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု ကြောင့် ဆီးရီးယားနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ယခင်ကပြောဆိုထားပြီးဖြစ်သည်။ တူရကီတပ်ဖွဲ့သည် ကာ့အလုပ်သမားပါတီနှင့် ဆက်နွှယ်သော ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့နှင့် အမေရိကန်ထောက်ခံသော YPG ပြည်သူ့စစ်အဖွဲ့ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ အာဖရင်ခရိုင်၌ ဇန်နဝါရီ ၂ဝ ရက်မှစတင် ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သည်။ ထိုကဲ့သို့ စစ်ဆင်ရေးပြုလုပ်ရခြင်းမှာ အကြမ်းဖက်သမား များက တူရကီနယ်စပ်ကို ခြိမ်းခြောက်တိုက်ခိုက်လာသောကြောင့် ဖြစ်ကြောင်း၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးစော်ကားခြင်း မဟုတ်ကြောင်း တူရကီအစိုးရက အကြိမ်ကြိမ် ပြောဆိုထားသည်။

Read 309 times Last modified on Thursday, 01 February 2018 09:13