SJ WorldNews - шаблон joomla Авто

ရုရှားက တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီးနောက် အယ်နျူဆရာ စစ်သွေးကြွများ ထိန်းချုပ်ထားသော ဒေသကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်

Monday, 05 February 2018 13:00 font size decrease font size decrease font size increase font size increase font size

မော်စကို ဖေဖော်ဝါရီ ၎

ရုရှားလေတပ်မှ တိကျမှုမြင့်မားသော လေကြောင်း တိုက်ခိုက်ရေးအုပ်သည် ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပြည် နယ်ရှိ အယ်နျူဆရာ စစ်သွေးကြွများ ထိန်းချုပ်ထားသော ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ် ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၃ ရက်တွင် ဆီးရီးယားသောင်း ကျန်းသူများ ထိန်းချုပ်ထားသောဒေသမှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်းသည် ရုရှားလေတပ်၏ SU-25 တိုက်လေယာဉ်ကို ထိမှန်ကာ လေယာဉ်မှူး သေဆုံးပြီးနောက် အဆိုပါ လက်တုံ့ပြန်တိုက်ခိုက်မှုကို လုပ် ဆောင်ခြင်းဖြစ်သည်။

ရုရှား၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အယ်နျူဆရာ စစ်သွေးကြွ အယောက် ၃ဝခန့်သေဆုံးသွားကြောင်း ရေဒီယိုကြားဖြတ် သတင်းများအရ သိရသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ SU-25 တိုက်လေယာဉ်သည် အိုင်ဒလစ်ပြည်နယ်ရှိ တင်းမာမှုလျှော့ချရေးဇုန်၌ ပျံသန်းနေစဉ် ပခုံး ထမ်းလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိမှန်သွားခြင်း ဖြစ်နိုင်ကြောင်း ကနဦး စုံစမ်းစစ်ဆေးမှုများအရ သိရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒုံးကျည် ထိမှန်မှု ကြောင့် လေယာဉ်ပျက်ကျ သွားသော်လည်း လေယာဉ်မှူးသည် လေယာဉ်အတွင်းမှ အသက်ရှင် လျက် ထွက်ခွာနိုင်ကြောင်း၊ သို့သော် စစ်သွေးကြွများနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားနှင့် တူရကီတို့ ပူးပေါင်းကာ သေဆုံးသွားသော လေယာဉ်မှူး၏ အလောင်းကို မည်သည့်နည်း လမ်းနှင့်မဆို ပြန်ရအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ချက် တွင်ဖော်ပြထားသည်။

Read 244 times Last modified on Monday, 05 February 2018 13:51