SJ WorldNews - шаблон joomla Авто

အဝေးရှိ ကျွန်းစုများကို ကာကွယ်ရာတွင်အသုံးပြုရန်အတွက် F-35 B တိုက်လေယာဉ်များကို ဝယ်ယူရန် ဂျပန် စဉ်းစား

Wednesday, 14 February 2018 12:41 font size decrease font size decrease font size increase font size increase font size

တိုကျို   ဖေဖော်ဝါရီ   ၁၃

ဂျပန်နိုင်ငံသည် ဝေးလံခေါင်ဖျား ဒေသရှိ ကျွန်းစုများကို ကာကွယ်ရန်နှင့် ထိုကျွန်းစုများ ရှိလေဆိပ်များကို အသုံးပြုနိုင်ရန် အတွက် F-35B  တိုက်လေယာဉ်များကို ဝယ်ယူရန် စဉ်းစားနေပြီး ၂ဝ၂၆ ဘဏ္ဍာနှစ်မှ စ၍အသုံး ပြုနိုင်ဖွယ်ရှိကြောင်း အစိုးရ သတင်းအရင်း အမြစ်များကပြောသည်။ အဆင့်မြင့်ဆုံးသော ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်သည့်  F-35B များကို ဂျပန်နိုင်ငံရှိ အမေရိကန်စစ် အခြေစိုက်စခန်း၌ အသုံးပြုလျက်ရှိသည်။

ထို့ပြင် ဂျပန် အစိုးရသည် အဆိုပါတိုက် လေယာဉ်ကို အစ်ဇူမိုဖျက်သင်္ဘောအပေါ်တွင် တင်၍အသုံးပြုရန် လည်း စဉ်းစားနေသည်။ အစ်ဇူမိုသည် ဂျပန်ရေပြင်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ အကြီးဆုံး ဖျက်သင်္ဘော ဖြစ်ပြီး ၎င်းကို လေယာဉ်တင် သင်္ဘောအဖြစ်အဆင့် မြှင့်တင်ပြောင်းလဲရန် စီစဉ်ထားသည်။ အဆိုပါ လေယာဉ်တင်သင်္ဘောသည် ၂ဝ၂ဝ ပြည့် နှစ်အစောပိုင်းတွင် စစ်ဆင်ရေးတာဝန်များ ကိုထမ်း ဆောင် နိုင်မည်ဟု မျှော်လင့်ရသည်။

ဝယ်ယူမည့် F-35B အရေအတွက်ကိုမူ လာမည့်ကာလလတ်ကာကွယ်ရေးအစီအစဉ် တွင်သတ်မှတ်နိုင် မည်ဖြစ်ပြီး အဆိုပါ အစီအစဉ်အတွက် အချက်အလက်များ စုဆောင်းမှုကို ယခုနှစ်ကုန်တွင် ဆောင်ရွက် သွားမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ အစီအစဉ်တွင် F-35B များကို ၂ဝ၂၄ ဘဏ္ဍာနှစ်တွင် စတင်လက်ခံ ရရှိနိုင်ရန် ဆောင်ရွက်သွားမည့် အစီအစဉ် လည်းပါဝင်သည်။

ဂျပန် အစိုးရသည် တိုက်လေယာဉ်အုပ် တစ်အုပ်မှ နှစ်အုပ်အထိ ဖွဲ့စည်းနိုင်သည့် F-35B အစင်း ၂ဝ မှ ၄ဝ အထိဝယ်ယူသွား ဖွယ်ရှိသည်။ F-35B တိုက်လေယာဉ်သည် ပျံတက်ရန်အတွက် ပြေးလမ်းတိုသာ လိုအပ် မည်ဖြစ် သောကြောင့် ဝေးလံခေါင်ဖျားသော ကျွန်းစုများရှိ အရပ်ဘက် လေယာဉ်ကွင်းများ ၌အသုံးပြု နိုင်မည်ဖြစ်သည်။ ထို့ပြင် အခြေစိုက်စခန်းရှိ လေယာဉ်ပြေးလမ်း တိုက်ခိုက်ခံ နေရသည့်တိုင် F-35B တိုက်လေ ယာဉ်များမှာ လေပေါ်သို့ ပျံတက်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် ဂျပန်နိုင်ငံသည် F-15 တိုက် လေယာဉ် ၂ဝ၁ စင်း ပိုင်ဆိုင်ထားပြီး ၁၉၈ဝ ဘဏ္ဍာနှစ်မှသည် ယခုအချိန် အထိဖြန့်ကြက်လာခြင်းဖြစ်သည်။ ၎င်းတို့အနက် ၁ဝ၂ စင်းကို ခေတ်မီစစ် လက်နက် ပစ္စည်းများဖြင့် အဆင့်မြှင့် တင်ထားပြီး အနာဂတ်တွင် ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး ကျန် ၉၉ စင်း ကိုမူ အဆင့်မြှင့်တင်ခြင်းမပြုဘဲ F-35B အပြင် F-2 တိုက်လေယာဉ်များနှင့် အစားထိုး လဲလှယ် သွားမည်ဖြစ် ကြောင်း အစိုးရသတင်း အရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။            

Read 620 times Last modified on Wednesday, 14 February 2018 12:42