Print this page

ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားပြီးနောက် သီရိလင်္ကာနိုင်ငံ၌ အရေးပေါ် အခြေအနေ ကြေညာ

Wednesday, 07 March 2018 11:30 font size decrease font size decrease font size increase font size increase font size

ကိုလံဘို မတ် ၆

သီရိလင်္ကာနိုင်ငံ ကန်ဒီခရိုင်၌ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပဋိပက္ခဖြစ်ပွားပြီး နောက်တစ်ရက်အကြာတွင် အများစုနှင့်ဆိုင်သော အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရက ၁ဝ ရက်ကြာ အရေးပေါ်အခြေအနေကို ကြေညာကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒါယာဆီရီဂျာယာ ဆယ်ကာရာက မတ် ၆ ရက်တွင်ပြောသည်။ သီရိလင်္ကာနိုင်ငံ၌ လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက ကိုး ကွယ်သည့် ဘာသာမတူသော အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ ဖြစ်ပွားခြင်းဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များသည် အခြားဘာသာဝင်များကို ၎င်းတို့၏ဘာသာသို့ အဓမ္မသွတ်သွင်းပြီး ဗုဒ္ဓဘာ သာဝင်များ ၏ ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးကြောင်း ဗုဒ္ဓဘာသာဝင်များက စွပ်စွဲထားသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခများကို ကာကွယ်ရန်အတွက် အစိုးရအဖွဲ့ အစည်းအဝေးတွင် အရေး ပေါ်ကြေညာချက် ထုတ်ပြန်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဒါယာဆီရီဂျာယာဆယ်ကာရာက Reuters သ တင်းဌာနသို့ ပြောသည်။ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် သွေးထိုးလှုံ့ဆော်သူများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ သီရိ လင်္ကာ အစိုးရသည် ပဋိပက္ခဖြစ်ပွားသည့် ကန်ဒီခရိုင်၌ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး လက်နက်ကြီးများနှင့် ရဲတပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထားသည်။ အဆိုပါပဋိပက္ခအတွင်း နှစ်ဦးေ သဆုံးကာ နေအိမ်များနှင့် စီးပွားရေး အဆောက်အအုံများစွာ ပျက်စီးကြောင်း သိရသည်။

ကန်ဒီခရိုင်၌ ပဋိပက္ခတွင် ပါဝင်သူများက ညမထွက်ရအမိန့်ကို ဖီဆန်ကာ ဆူပူရမ်းကားမှုများကို ဆက်လက် ပြုလုပ်နေသဖြင့် ရဲတပ်ဖွဲ့က ညမထွက်ရ အမိန့်တားမြစ်ထားသည့်ရက်ကို တိုးမြှင့်ထားသည်။ ကန်ဒီ ခရိုင်၌ တရားဥပဒေစိုးမိုးရေးအတွက် အထူးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကိုလည်း တပ်ဖြန့်ချထားကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

Read 384 times Last modified on Wednesday, 07 March 2018 11:36