SJ WorldNews - шаблон joomla Авто

သီရိလင်္ကာ၌ အရေးပေါ် အခြေအနေ ကြေညာပြီးနောက် ရဲတပ်ဖွဲ့နှင့် ဆူပူသောင်းကျန်းသူများ အကြား ပဋိပက္ခ ဖြစ်ပွား

Thursday, 08 March 2018 11:17 font size decrease font size decrease font size increase font size increase font size

ကိုလံဘို မတ် ၇

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း၌ ဆူပူအုံကြွမှုကို နှိမ်နင်းရန် အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီးနောက် နာရီပေါင်းများစွာ အကြာတွင် ဆူပူသောင်းကျန်းသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများ ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာ ရရှိကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၇ ရက်တွင်ပြောသည်။

အဆိုပါ ဆူပူမှုများသည် အဓိက ခရီးသွားလာရေး နေရာဖြစ်သော ကန်ဒီဆင်ခြေဖုံး ဒေသရှိ မီနီကင်နာ၌ ဖြစ်ပွားခြင်းဖြစ်ပြီး ဆူပူမှု ဖြစ်စေရန် ကြိုးပမ်းမှုနှင့် ညမထွက်ရအမိန့် ချိုးဖောက်သူ ခုနစ်ဦးကို တာဝန်ရှိ သူများက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ထို့ပြင် အစိုးရက အဆိုပါ ဆူပူအုံကြွမှုကို ရပ်တန့်ရန်နှင့် ရဲ တပ်ဖွဲ့အားကူညီရန် တပ်ဖွဲ့ဝင်များစွာကို တပ်ဖြန့်ထားပြီး ကိုလံဘိုမြို့တော် အရှေ့ဘက် ကန်ဒီဒေသရှိ စာသင်ကျောင်းများကို မတ် ၇ ရက်အထိ ဆက်လက် ပိတ်ထားကြောင်း သိရသည်။

ယင်းပဋိပက္ခသည် ဆူပူအကြမ်းဖက်မှု ပျံ့နှံ့ခြင်းကို တားဆီးရန်အတွက် လူမှုကွန်ရက်များကို သီရိလင်္ကာ အစိုးရက ပိတ်ဆို့ရန် လုပ်ဆောင်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ သီရိလင်္ကာ ဆက်သွယ်ရေး အာဏာ ပိုင်ကော်မရှင်အနေဖြင့် ဆူပူအကြမ်းဖက်မှု ပျံ့နှံ့ရေးကို တားဆီးရန်အတွက် ဖေ့ဘွတ်၊ ဗိုက်ဘာနှင့် ဝှက်စ အပ်ကဲ့သို့ လူမှုကွန်ရက်များကို သုံးရက်ကြာ ပိတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက မတ် ၇ ရက်တွင် ပြောသည်။ သီရိလင်္ကာနိုင်ငံ၌ ယင်းကဲ့သို့ ဆူပူအုံကြွမှု ဖြစ်ပေါ်နေခြင်းကြောင့် ထိုနိုင်ငံသို့ခရီးသွားလာမှုနှင့် ပတ်သက်၍ သတိရှိကြရန် ပြည်ပအစိုးရ အသီးသီးက သတိပေးချက်များ ထုတ်ပြန်ထားသည်။ အဆိုပါ ဆူပူ အုံကြွမှုအတွင်း နေအိမ်များ၊ ဈေးဆိုင်များနှင့် ယာဉ်များ စုစုပေါင်း ၁၅ဝ ကျော် မီးရှို့ဖျက်ဆီးခံရကြောင်းနှင့် လက်ရှိအချိန်အထိ လူနှစ်ဦးသေဆုံးထားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မူဆလင် အကြမ်းဖက် လူအုပ်စုတစ်ခု၏ လက်ချက်ဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦး သေဆုံးမှုကြောင့် ယခုကဲ့သို့ ဆူပူအုံကြွ မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

Read 209 times Last modified on Thursday, 08 March 2018 11:25