SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ပြုလုပ်သော ထိုးစစ်အတွင်း စစ်သွေးကြွ ၄၄ ဦးကိုချေမှုန်းနိုင်

Monday, 12 March 2018 12:06 font size decrease font size decrease font size increase font size increase font size

မနီလာ မတ် ၁၁

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဖွဲ့ (BIFF) အကြားဖြစ်ပွားနေသော တိုက်ခိုက်မှုအတွင်း ယခုအချိန်အထိ စစ်သွေးကြွ ၄၄ ဦးကို ချေမှုန်းနိုင် ကြောင်း ဖိလစ်ပိုင်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၁၁ ရက်တွင်ပြောသည်။ စစ်ဘက် တပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများကို မတ် ၈ ရက်တွင်စတင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် စတင်တိုက်ခိုက်ရာမှ ယနေ့အချိန်အထိ စစ်သွေးကြွ ၄၄ ဦးကိုချေမှုန်းနိုင်ပြီး ၂၆ ဦးဒဏ်ရာရရှိကြောင်း ဒုတိယ ဗိုလ်မှူးကြီး ဂျယ်ရီဘီဆာနာက ပြောသည်။ စစ်ဘက်တပ်ဖွဲ့ဝင်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုအ တွင်း သေကျေဒဏ်ရာရရှိသည့် အရေအတွက်သည် ထောက်လှမ်းရေးသတင်း ရရှိမှုကို အခြေခံ၍ ထုတ်ပြန် ပြောဆိုခြင်းဖြစ်ကြောင်း၊ စစ်ဘက်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သွေးကြွများ၏ အလောင်းများကို ရှာဖွေ တွေ့ရှိခြင်းမရှိကြောင်း ဘီဆာနာကပြောသည်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂူဘင်ဒါနာအိုပြည်နယ် ဒါတူ ဆော်ဒီအမ်ပါတန်မြို့ရှိ အောက်ဆယ်ဘူရွာ၌ မတ် ၈ ရက်ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် အစိုးရ တပ်ဖွဲ့ ဝင်များနှင့်စစ်သွေးကြွ ၅ဝ တို့အကြား အပြင်းအထန် တိုက်ခိုက်မှုဖြစ်ပွားကြောင်းနှင့် ကနဦးအနေဖြင့် BIFF စစ်သွေးကြွ ၁၂ ဦးသေဆုံးကြောင်း သိရသည်။

Read 379 times Last modified on Monday, 12 March 2018 12:10