SJ WorldNews - шаблон joomla Авто

IS စစ်သွေးကြွ အဖွဲ့မှ ထိပ်တန်းခေါင်းဆောင် တစ်ဦးကို အီရတ် တပ်ဖွဲ့က လက်ရ ဖမ်းဆီး

Monday, 19 March 2018 17:45 font size decrease font size decrease font size increase font size increase font size

ဘဂ္ဂဒက်  မတ်   ၁၈

အီရတ်တပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို မိုဆူးမြို့အနီးတွင် လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြသည်။ အီရတ်လက်နက်ကိုင်တပ်ဖွဲ့မှ စစ် သည်များသည် အဆိုပါစစ်သွေးကြွ ခေါင်းဆောင်အား နိနဝေပြည်နယ် မြို့တော် မိုဆူးမြို့မြောက်ပိုင်းရှိ ရှာအီ ကာရာကျေးရွာတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း အီရတ်သတင်းဝက်ဆိုက်တစ်ခုက မတ် ၁၇ ရက်တွင် ဖော်ပြထားသည်။ သို့ရာတွင် ဖမ်းဆီးခံရသည့် စစ်သွေးကြွခေါင်းဆောင်၏ အသေးစိတ် အချက်အလက်များ ကိုဖော်ပြခြင်းမရှိပေ။

အဆိုပါ စစ်သွေးကြွ ခေါင်းဆောင်သည် နိနဝေပြည်နယ်တွင် ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူလျက်ရှိပြီး စစ်သွေးကြွအဖွဲ့ဝင်များအတွက် ငွေကြေးကောက်ခံလျက်ရှိကြောင်း သိရသည်။ ယခင်က IS စစ်သွေး ကြွအဖွဲ့၏ ဌာနချုပ်အဖြစ်တည်ရှိခဲ့သည့် မိုဆူးမြို့ကို အီရတ်တပ်များက ပြီးခဲ့သည့်နှစ်ဇူလိုင်လက အပြီးသတ် သိမ်းယူနိုင်ခဲ့သော်လည်း စစ်သွေးကြွ အဖွဲ့မှခေါင်းဆောင် အချို့မှာ တယ်ကာအစ်မြို့အနီးရှိ ဘာဒက်ေ တာင်တန်းဒေသတွင် ဆက်လက်ပုန်းအောင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်အဘာဒီက IS စစ်သွေးကြွများအပေါ် အောင်ပွဲခံနိုင်ပြီဖြစ်ကြောင်း၊၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အီရတ်နယ်မြေများအား စစ်သွေးကြွများက သိမ်းပိုက် ထားခြင်းမှာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။

Read 352 times Last modified on Monday, 19 March 2018 19:46