SJ WorldNews - шаблон joomla Авто

အမေရိကန် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း အဓိကထား လုပ်ဆောင်မည်ဟု တာလီဘန် စစ်သွေးကြွ အဖွဲ့ကြေညာ

Thursday, 26 April 2018 11:42 font size decrease font size decrease font size increase font size increase font size

ကဘူး ဧပြီ ၂၅

အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန် စစ်သွေးကြွများက နိုင်ငံအတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ခြင်းနှင့် သတ်ဖြတ်ခြင်းများ အဓိကထား လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာ လိုက်ကြောင်း မီဒီယာ တစ်ခုက ဧပြီ ၂၅ ရက်တွင်ထုတ်ပြန်သည်။

တာလီဘန် စစ်သွေးကြွ အဖွဲ့သည် နွေဦးတိုက်စစ်ဟု ၎င်းတို့အမည်ပေးထားသည့် စစ်ဆင်ရေးအတွင်း အာဖဂန် နစ္စတန် တစ်နိုင်ငံလုံးရှိ အမေရိကန်စစ်သည်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ပြီး ယင်းတပ်ဖွဲ့အားထောက်ခံနေသည့် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများကိုပါ ပစ်မှတ်ထားသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။ အဆိုပါစစ်ဆင်ရေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ မဟာဗျူဟာကို တုံ့ပြန်ခြင်းဖြစ်သည်ဟု စစ်သွေးကြွများကပြောသည်။ ထရမ့် သည် အာဖဂန်နစ္စတန်၌ အမေရိကန်တပ်ဖွဲ့၏ စစ်ဆင်ရေးများကို တိုးမြှင့်သွားမည်ဟု ၎င်း၏မဟာဗျူဟာ စာတမ်းတွင် ဖော်ပြထား သည်။

အာဖဂန်နစ္စတန်သို့ အမေရိကန်တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုသည် ယခုအခါ ၁၇ နှစ်အတွင်း ဝင် ရောက်လာချိန်နှင့် တာလီဘန် စစ်သွေးကြွများက အမေရိကန်နှင့် အာဖဂန်အစိုးရ အဖွဲ့တို့နှင့် စေ့စပ်ဆွေး နွေးရန်ဆန္ဒပြင်းပြနေသည်ဟူသော အရိပ်လက္ခဏာများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ခြိမ်းခြောက်ပြော ဆိုမှု ထွက်ပေါ် လာခြင်းဖြစ်သည်။ ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန် စစ်အခြေစိုက်စခန်းများ ရှိနေ ခြင်းသည် ငြိမ်းချမ်းရေးရရှိနိုင်မည့် အခွင့်အလမ်းများကို ဖျက်ဆီးနေခြင်းဖြစ် သည့်အပြင် လက်ရှိဖြစ် ပွားနေသည့်စစ်ပွဲကို ပိုမိုရှည်ကြာအောင် ဖန်တီးနေခြင်းသာဖြစ်သည်ဟု တာလီဘန်များက ဆိုသည်။

သို့သော် တာလီဘန် စစ်သွေးကြွတို့၏ ကြေညာချက်သည် ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု အာဖဂန်နစ္စတန်က ကာကွယ်ရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ရက် မာနစ်က ပြောကြောင်း သိရသည်။

Read 96 times Last modified on Thursday, 26 April 2018 11:45